မနေ့ညကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို ပြန်လည်စတင်ကစားခဲ့ပြီး ပထမအကျော့တုန်းက ရလဒ်ကောင်းထားတဲ့ အသင်းများဖြစ်တဲ့ ရက်ဘူးလိုက်ပ်ဇစ်နဲ့ အတ္တလန်တာအသင်းတို့ကပဲ နိုင်ပွဲတွေကို ထပ်မံရယူခဲ့ကာ ကွာတားဖိုင်နယ်အဆင့်ဆီကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒီညမှာကတော့ လက်ရှိချန်ပီယံလီဗာပူးလ် အသက်လက်တီကို ဒေါ့မွန်နဲ့ ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဘယ်အသင်းတွေ ဘယ်အသင်းတွေ ရလဒ်ကောင်းနိုင်မလဲဆိုတာကို ခန့်မှန်သွားကြည့်ချင်ပါတယ်။

Photo Credit : Squawka

ပီအက်စ်ဂျီ နဲ့ ဒေါ့မွန် (မနက်၂နာရီခွဲ)
(ပထမအကျော့ရလဒ်- ဒေါ့မွန်2-1ပီအက်စ်ဂျီ)
ပထမအကျော့ရလဒ်အရဆိုရင်တော့ ပြတ်သားထားခြင်းမရှိသေးတာကြောင့် အခုဒုတိယအကျော့ထိကို ဆက်လက်အဖြေရှုာရဦးမှာပဲဖြစ်ပါတယ်။ ခက်တာက ဒီပွဲဟာ ကွင်းပိတ်ကျင်းပရမှာဖြစ်သလို ပီအက်စ်ဂျီတိုက်စစ်မှူးဘာပေမှာလည်း လည်ချောင်းနာဝေဒနာကြောင့် ဒီပွဲမှာ ပါဝင်ကစားဖို့တောင် မရေမရာဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းက ဒီရာသီမှာ အဝေးကွင်းစွမ်းဆောင်ရည် သာမာန်လောက်သာရှိတဲ့ အသင်းဖြစ်နေတာကြောင့် ဒီပွဲကို ရုန်းကန်လာရနိုင်ပါတယ်။ ပီအက်စ်ဂျီကတော့ စက်တင်ဘာလနောက်ပိုင်းကတည်းက ပြိုင်ပွဲစုံရှံးပွဲမရှိထားတာမို့ ဒီပွဲမှာလည်း ရလဒ်ကောင်းနိုင်ပါတယ်။ ပီအက်စ်ဂျီတို့ နောက်တစ်ဆင့်တတ်လှမ်းနိုင်ပါလိမ့်မယ်။

Photo Credit : Match Day

လီဗာပူးလ် နဲ့ အသက်လက်တီကို (မနက်၂နာရီခွဲ)
(ပထမအကျော့ရလဒ်-အသက်လက်တီကို1-0လီဗာပူးလ်)
ဒီပွဲကို လီဗာပူးလ်ဂိုးသမား အယ်လီဆန်လွဲချော်မှာဖြစ်ပေမယ့် အသင်းခေါင်းဆောင်ဟန်ဒါဆန် ပြန်လည်ပါဝင်ဖွယ်ရှိနေလို့ ကွင်းလယ်ပိုင်းက အားပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် အရမ်းကို ကျစ်လစ်လွန်းလှပါတယ်ဆိုတဲ့ အသက်လက်တီကိုခံစစ်ကို ထိုးဖောက်ပြီး သွင်းဂိုး၂ဂိုးရယူဖို့ဆိုတာကလည်း အသင်းတိုင်းအတွက်တော့ မလွယ်ကူလှပါဘူး။ ဒါကို လီဗာပူးလ်တို့ လုပ်ဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ ၁ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်ကလည်း ပြန်လာရခက်ခဲစေနိုင်တဲ့ ရလဒ်မျိုးမဟုတ်လို့ အန်ဖီးလ်မှာ ကစားမယ့်ဒီပွဲမှာတော့ လက်ရှိချန်ပီယံတို့ နိုင်ပွဲပြန်လည်ယူဆောင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဂိုးလည်းပြန်ပေးရနိုင်လို့ အသက်လက်တီကိုကပဲ ၂ကျော့ပေါင်းရလဒ်နဲ့ ကွာတားဖိုင်နယ်ကို တတ်လှမ်းမယ်လို့ ထင်မိပါတယ်။