ဒီနေ့ည(၁)နာရီခွဲအချိန်မှာ ဘောလုံးချစ်ပရိသတ်တွေအားလုံး စောင့်မျှော်နေကြတဲ့ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်ကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ဖိုင်နယ်ပွဲကိုလည်း ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့လို ဥရောပရဲ့အင်အားကြီး ဘောလုံးအသင်းတွေက ယှဉ်ပြိုင်ကစားကြမှာဖြစ်လို့ အတော်လေးကို အကြိတ်အနယ်ရှိမှာ သေချာနေသလို ဘယ်အသင်းက ဒီဆုဖလားကြီးကို ပိုင်ဆိုင်သွားမလဲဆိုတာကလည်း ခန့်မှန်းရခက်နေပါတယ်။ ဆိုတော့ ပုံမှန်တင်ဆက်ပေးနေကြ ပွဲကြိုသုံးသပ်ချက်အတွက် အရေးပါတဲ့ အချက်အလက်တွေကို ရွေးချယ်တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

ဘိုင်ယန်မြူးနစ်


နောက်ဆုံး(၅)ပွဲရလဒ်များ – (၅)ပွဲနိုင်
ဒဏ်ရာနဲ့ပွဲပယ် – ဘိုတန်(မသေချာ)
စောင့်ကြည့်ရမယ့် ကစားသမား – လီဝန်ဒေါစကီး
ချန်ပီယံလိဂ်မှာ ဂိုးအများဆုံး သွင်းယူထားသူ – လီဝန်ဒေါစကီး (၁၅)ဂိုး
ဖြစ်လာနိုင်ဖွယ်ရှိတဲ့ လူစာရင်း – ၄-၂-၃-၁
ဂိုး – နူအာ
နောက်တန်း – ကင်မစ်ချ် ဘိုတန် အလာဘာ ဒေးဗီစ်
အလယ်တန်း – သီယာဂို ဂေါ်ရက်ဇ်ကာ
ရှေ့တန်း – နာဘရီ မူလာ ပါရီဆစ် လီဝန်ဒေါစကီး

ပီအက်စ်ဂျီ


နောက်ဆုံး(၅)ပွဲရလဒ်များ – (၅)ပွဲနိုင်
ဒဏ်ရာနဲ့ပွဲပယ် – နာဗက်စ်(မသေချာ)
စောင့်ကြည့်ရမယ့် ကစားသမား – နေမာ
ချန်ပီယံလိဂ်မှာ ဂိုးအများဆုံး သွင်းယူထားသူ – အီကာဒီ (၅)ဂိုး
ဖြစ်လာနိုင်ဖွယ်ရှိတဲ့ လူစာရင်း – ၄-၃-၃
ဂိုး – ရစ်ကို
နောက်တန်း – ဘားနတ် ကင်ဘမ်ပေ သီယာဂိုဆေးဗား ကယ်ဟာ
အလယ် – ပါရီဒက်စ် မာကွင်ဟို့စ် ဗာရက်တီ
ရှေ့တန်း – ဒီမာရီယာ ဘာပေ နေမာ

စိတ်ဝင်စားဖွယ် အချက်အလက်များ
ဘိုင်ယန်က ချန်ပီယံလိဂ်မှာ ဖိုင်နယ်ကို (၁၀)ကြိမ်အထိ တတ်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံ(၅)ကြိမ်ဖြစ်ခဲ့ကာ (၅)ကြိမ်ကတော့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ပီအက်စ်ဂျီကတော့ အခုမှသာ ဖိုင်နယ်ကို တတ်လှမ်းခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။
ဒီအသင်းနှစ်သင်းဟာ ချန်ပီယံလိဂ်သမိုင်းတလျှောက် (၈)ကြိမ်အထိကို တွေ့ဆုံထားခဲ့ရာမှာ ပီအက်စ်ဂျီအသင်းက အသာစီးရယူထားနိုင်ခဲ့ကာ (၅)ပွဲနိုင်ရခဲ့ပြီး ဘိုင်ယန်ကတော့ (၃)ပွဲနိုင်ထားကာ သရေပွဲ လုံးဝမရှိခဲ့ပါဘူး။
ဘိုင်ယန်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ဆီမီးဖိုင်နယ်အထိ ပွဲအားလုံးကို အနိုင်ရခဲ့တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်ထားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၈)ပွဲအနိုင်ရထားခဲ့ပြီး အဲ့ဒီထဲက (၇)ပွဲကိုတော့ Clean-sheets နိုင်ပွဲရယူခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိမှာ ပြိုင်ပွဲစုံ(၂၉)ပွဲအထိကို လုံးဝရှံးပွဲမရှိသေးပဲ (၂၈)ပွဲအနိုင်ရပြီး (၁)ပွဲသာ သရေကျထားသလို တစ်ပွဲကို သွင်းဂိုးက အနည်းဆုံး(၃.၃၄)ဂိုးလောက်အထိကို သွင်းယူလို့ထားပါတယ်။
ပီအက်စ်ဂျီအသင်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃၄)ပွဲဆက်တိုက် သွင်းဂိုးတွေ ရယူထားနိုင်ခဲ့ပြီး ဒီညမ။ျာ ကျင်းပသွားမယ့် ဖိုင်နယ်ပွဲမှာပါ ဘိုင်ယန်ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၃၅)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသောအသင်းအဖြစ် စံချိန်တင်သွားတော့မှာဖြစ်ပါတယ်။