ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့အတွင်းမှာ စတင်ယှဉ်ပြိုင်ကစားတော့မယ့် Mini-Tournament ပုံစံ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဒီနေ့ညမှာပဲ စတင်ယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပါတယ်။ ဒီညမှာတော့ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းနဲ့ ဒီနှစ်မှာ လုံးဝကို လျှော့တွက်လို့မရတဲ့အသင်းတို့ အားပြိုင်မှုကို ကြည့်ရှခံစားရမှာဖြစ်ပြီး ဘယ်အသင်းက နောက်တစ်ဆင့်တတ်ခွင့်ရမလဲဆိုတာကို သုံးသပ်တင်ဆက်သွားချင်ပါတယ်ခင်ဗျာ။

ပထမဆုံးတော့ ပီအက်စ်ဂျီအသင်းအကြောင်းကို အရင်ဆုံးတင်ဆက်ချင်ပါတယ်။ ချန်ပီယံလိဂ်ပွဲတွေ ပြန်မကန်ခင်က ပြည်တွင်းရှံးထွက်ဖလား(၂)လုံးကို ပိုင်ဆိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းကတော့ သူ့ထက် ကစားသမားအင်အားပိုင်းမှာ အနည်းငယ်အားလျော့နေနိုင်မယ့် အတ္တလန်တာအသင်းနဲ့ ဆုံတွေ့နေရတာဖြစ်လို့ ဆီမီးဖိုုင်နယ်ကို တတ်ရောက်ဖို့က ရေပန်းစားနေခဲ့ရပါတယ်။ အတ္တလန်တာက အသင်းကောင်းတစ်သင်းဆိုပေမယ့် ပီအက်စ်ဂျီလောက် ဥရောပအတွေ့အကြုံလည်း မများသလို ကစားသမားပိုင်းမှာလည်း ထိပ်တန်းကစားသမား ပါဝင်မှုက နည်းပါးပါတယ်။ ပီအက်စ်ဂျီအတွက် ပိုပြီးအားသာစေတဲ့ အချက်တစ်ခုကတော့ ဘာပေ ဒီပွဲမှာ ပြန်ကစားနိုင်တော့မှာဖြစ်ပြီး အသင်းကလည်း အုပ်စုအဆင့်ကနေ ရှံးထွက်အဆင့်ဆီ (၆)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲသာ ရှံးထားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအကြောင်းပြီးတော့ အတ္တလန်တာအသင်းဘက်ကိုလှည့်ချင်ပါတယ်။ စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဂျုဗင်တပ်စ် အင်တာ လာဇီယိုအသင်းတို့အားလုံးထက် တိုက်စစ်စွမ်းဆောင်ရည်ပိုကောင်းနေတဲ့ အတ္တလန်တာအသင်းဟာ ချန်ပီယံလိဂ်မှာလည်း ဗလင်စီယာလို အသင်းမျိုးကို ကျော်ဖြတ်ပြီး ကွာတားကို တတ်လှမ်းလာခဲ့တဲ့ မခေလှတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ ဥရောပအတွေ့အကြံုနည်းပြီး နာမည်ကျော် ကစားသမား သိပ်မရှိပေမယ့် အသင်းလိုက် ကစားဟန် အရမ်းကောင်းလှတဲ့ အသင်းဖြစ်သလို နေရာစုံမှာလည်း အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်လို့ထားပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့(၈)ပွဲအတွင်း (၁၅)ဂိုးအထိ ခွင့်ပြုထားရတဲ့ ခံစစ်ပိုင်းက ပီအက်စ်ဂျီရဲ့အားကောင်းမောင်းသန်တိုက်စစ် အစုအဖွဲ့ကို တားဆီးရခက်ခဲနိုင်ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီဘက်က ဒီမာရီယာပွဲပယ်ခံထားရပြီး ကွင်းလယ်လူဗာရက်တီက ဒဏ်ရာရနေသလို တစ်ဖက်က အတ္တလန်တာမှာလည်း အဓိက ကစားသမားအီလီချစ်က ဒဏ်ရာရထားခဲ့ပါတယ်။ တကယ်လို့များ ဘာပေက ကြံခိုင်မှုမပြည့်ဝပဲ ကစားပုံလိုအပ်ချက်လေးတွေ ရှိနေမယ်ဆိုရင်တော့ အတ္တလန်တာအတွက် အားသာချက်ဖြစ်သွားနိုင်ပါတယ်။ အတ္တလန်တာက စီးရီးအေမှာ တကယ့်အသင်းကောင်းတွေနဲ့ နင်လားငါလား ကစားထားနိုင်ခဲ့တဲ့ အသင်းဖြစ်လို့ ပီအက်စ်ဂျီအတွက် ခက်ခဲမယ့်ပွွဲတစ်ပွဲ ဖြစ်စေမှာသေချာပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကို ဖြတ်ကျော်ဖို့ဆိုတာကလည်း ခက်ခဲနိုင်တာမို့ ပီအက်စ်ဂျီပဲ အနိုင်ပါမယ်။