ပြင်သစ်အင်အားကြီး အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ပရီးမီးယားလိဂ် နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ဘာကာယိုကို ကို တစ်နှစ် အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ အရမ်းကို နီးစပ်နေပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။ အသက် ၂၆နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူ ဘာကာယိုကို ဟာ ၂၀၁၇ ခုနှစ်မှာ ပြင်သစ်ကလပ် မိုနာကို အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ယူရို ၄၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းမြင့် ကစားဟန် အတွင်းမှာ အံမဝင် နိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း မှာ တစ်ရာသီသာ ခံခဲ့ကာ ၂၀၁၈ ဘောလုံးရာသီ အရောက်မှာတော့ အေစီမီလန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ရပါတယ်။

Photo Credit: Standard

အဲ့ဒီနောက်မှာတော့ ချယ်လ်ဆီးအသင်းထံ ပြန်ရောက် လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ မှာလည်း အသင်းဟောင်း မိုနာကို အသင်းထံ တစ်ရာသီအငှားနဲ့ ထပ်မံ ပြောင်းရွှေ့ ကစားခဲ့ ရပါတယ်။ လက်ရှိ ရာသီမှာတော့ ပီအက်စ်ဂျီ အသင်းဟာ ဘာကာယိုကို ကို ခေါ်ယူဖို့ ကြိုးစား လာခဲ့ပြီး ဘာကာယိုကို ကို တစ်နှစ်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်း ထားကြောင့် ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ဘာကာယိုကို ဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၂ ခုနှစ် ဇွန်လ အကုန်အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့သူ ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်း ကတော့ ဘာကာယိုကို ကို ယခုနှစ် နွေစျေးကွက် အတွင်းမှာ အပြီးသတ် ရောင်းချလိုနေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Standard

ဒါပေမယ့် ကိုရိုနာဗိုင်းရပ် ကြောင့် ဘဏ္ဏာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ရဖွယ် ရှိတဲ့ ပီအက်စ်ဂျီ အသင်းဟာ ဘာကာယိုကို ကို အပြီးသတ် မခေါ်ယူချင်ပဲ တစ်ရာသီ အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ပဲ ခေါ်ယူချင်နေကြောင်း ပီအက်စ်ဂျီအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြား ထားကြပါတယ်။ ဘာကာယိုကို ကတော့ ချယ်လ်ဆီးအသင်းမှာ ဆက်မရှိချင်တော့ပဲ ပီအက်စ်ဂျီအသင်းထံသာ ပြောင်းရွှေ့ချင် နေပြီး လက်ရှိမှာတော့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Goal သတင်းဌာနက ပီအက်စ်ဂျီအသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒိုဟာ ချယ်လ်ဆီးအသင်းနဲ့ တရားဝင် ချိတ်ဆက် နေပြီ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ပါတယ်။ ဒါ့ကြောင့် မကြာမီမှာတော့ ဘာကာယိုကိုဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ သွားဖွယ် ရှိနေပါတယ်။