MySport Myanmar

အမ်ဘာပေကြောင့် ကြယ်ပွင့်တိုက်စစ်မှူး နေမာကို အရောင်းစာရင်း တင်ခဲ့ရတဲ့ PSG

ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အမ်ဘာပေကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေကာ စာချုပ်သစ် ချုပ်ဆိုခဲ့ရမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတရပ် အနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ နေမာကို အရောင်းစာရင်း တင်လိုက်ရကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီဟာ မကြာသေးမီကပဲ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကို လက်မှတ်ထိုးကြေး ယူရို ၂၀၀သန်း + တနှစ် လုပ်ခလစာ ယူရို ၁၀၀သန်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီး အဆိုပါ စာချုပ်ကြောင့်ပဲ ၃နှစ်တာ ကာလအတွက် အမ်ဘာပေကို ယူရို ၅၀၀သန်း အထိ ပေးချေရပါတော့မယ်။

Photo Credit: Marca

ပီအက်စ်ဂျီက အမ်ဘာပေကို စံချိန်တင် လုပ်ခလစာ ဖြစ်တဲ့ ယူရို ၁၀၀သန်း အထိ ပေးချေခဲ့ရတာကြောင့်ပဲ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတွေကို ရောင်းထုတ်ကာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ပြန်လည် ထိန်းသိမ်းဖို့ စီစဉ်နေပြီး ပီအက်စ်ဂျီက ရောင်းထုတ်မယ့် ကစားသမားတွေထဲမှာ ကြယ်ပွင့် တိုက်စစ်မှူး နေမာလည်း ပါဝင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်တဲ့ နေမာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး နေမာကို စိတ်ဝင်စားတဲ့ အသင်းတွေ ရှိရင် အပြောင်းအရွှေ့ အတွက် လက်ခံ စကားပြောဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ နေမာကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ နှစ်သင်းစလုံးက စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးဟာ ငွေကြေးအင်အား တောင့်တင်းသလို နေမာရဲ့ လုပ်ခလစာကို ပေးချေနိုင်တဲ့ ဘဏ္ဍာရေးတွေကို ပိုင်ဆိုင်ထားတာကြောင့် နေမာရဲ့ အသင်းသစ်က ဒီနှစ်သင်းထဲကပဲ ဖြစ်လာဖွယ် ရှိနေပါတယ်။

နေမာရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာကလည်း နေမာကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာဟာ ပီအက်စ်ဂျီဘက်က နေမာအတွက် တောင်းဆိုမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်ကို မပေးချေနိုင်ဘူးလို့လည်း ဘာစီလိုနာရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာက တရားဝင် ဝန်ခံထားပါတယ်။

Exit mobile version