ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းကတော့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားကို စာချုပ်သက်တမ်း မတိုးနိုင်ပဲ ချယ်လ်ဆီးအသင်းဆီကို လက်လွတ်လိုက်ရတဲ့အတွက် အသင်းကို ထိန်းကျောင်းပေးနိုင်မယ့် Leadership ကစားသမားကောင်းတစ်ယောက်ကို ဆုံးရှံးခဲ့ရကာ အသင်းအတွက် နစ်နာမှုတွေများစွာနဲ့ ရင်ဆိုင်နေရတာကြောင့် လာမယ့်ဆောင်းရာသီစျေးကွက်မှာပဲ ဆာဂျီယိုရာမို့စ်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ဟာ ၂၀၀၅ခုနှစ်ကတည်းက ရီးရဲလ်အသင်းမှာ တောက်လျှောက်ပါဝင်ကစားနေတဲ့ ဝါရင့်နောက်ခံလူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားဖို့ နီးစပ်နေသူလည်းဖြစ်ပါတယ်။ ရာမို့စ်ရဲ့စာချုပ်က လာမယ့် ၂၀၂၁ခုနှစ် ဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ရီးရဲလ်ဘက်ကနေ တစ်ရာသီထပ်တိုး စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်လာခဲ့ပေမယ့် ရာမို့စ်ဘက်က အနည်းဆုံး(၂)နှစ်လောက် သက်တမ်းတိုးချင်နေတာကြောင့် စာချုပ်ကိစ္စက အဆင်မပြေဖြစ်လို့နေရပါတယ်။

Photo Credit : Goal

ရာမို့စ်ဟာ ရီးရဲလ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသက်(၃၅)နှစ်အရွှယ်လောက်ကို ရောက်ရှိနေပေမယ့်လည်း သူမပါဝင်လာနိုင်တဲ့ အခါမျိုးမှာ ရီးရဲလ်နောက်တန်းက အတော်လေးကို ရုန်းကန်နေရပြီး အသင်းရဲ့ပင်နယ်တီကန်သွင်းသူအဖြစ်နဲ့လည်း တာဝန်ယူဆောင်ရွှက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့လို ကစားသမားမျိုးကို ရီးရဲလ်ဘက်ကနေ လက်မလွတ်ချင်သေးတာကြောင့် စာချုပ်သက်တမ်းတိုးဖို့ကိစ္စကို တိုးမြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေသာ အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင်တော့ ရာမို့စ်ကို လာမယ့်ဆောင်းရာသီမှာပဲ ပီအက်စ်ဂျီအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်ဘက်ကတော့ ရာမို့စ်လို ကစားသမားမျိုးကို ဆောင်းရာသီစျေးကွက်မှာ ရောင်းချသွားဖို့ မရှိနိုင်တဲ့အတွက် ပီအက်စ်ဂျီအနေနဲ့ ရာမို့စ်နဲ့ အပြောင်းအရွှေ့ကိစ္စကိုသာ ဆွေးနွေးနိုင်ဖွယ်သာ ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ ရာမို့စ်ကို (၃)နှစ်စာချုပ်နဲ့အပြင် တစ်နှစ်လုပ်ခ ယူရိုသန်း(၂၀)နဲ့ ကမ်းလှမ်းဖွယ်ရှိနေပြီး ရာမို့စ်ကို ဂျုဗင်တပ်စ်အသင်းဘက်ကနေလည်း စိတ်ဝင်တစားရှိနေတယ်လို့ သိရပါတယ်။