ပြင်သစ်နိုင်ငံက လီးဂူးဝမ်း ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားလိုက်ရပြီ ဖြစ်ပေမဲ့ လီးဂူးဝမ်း ဖလားကို ပေးအပ်သွားဖွယ် ရှိပြီး ပီအက်စ်ဂျီအသင်းကို လီးဂူးဝမ်း ဖလား ပေးသွားမှာ ဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် ပြည်တွင်းသတင်း နဲ့ ပြည်ပသတင်းတွေက ဖော်ပြသွားပါတယ်။ ပြင်သစ်အခြေစိုက် L’Equipe သတင်းက ပြင်သစ်နိုင်ငံက ပြည်တွင်းလိဂ် လီးဂူးဝမ်း ပြိုင်ပွဲကို ယခုအပတ် အင်္ဂါနေ့မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားလိုက်ရပြီ ဖြစ်ပေမဲ့ ပီအက်စ်ဂျီ အသင်းကို လီးဂူးဝမ်း ဖလား ပေးအပ်သွားမှာ ဖြစ်တယ်လို့ အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Dailymail

ပီအက်စ်ဂျီအသင်းဟာ လီးဂူးဝမ်း ပွဲစဉ် (၁) ပွဲ အပို ကစားထားပြီး လက်ကျန်ပွဲစဉ် (၁၁) ပွဲ ကစားဖို့ လိုအပ်နေသေးတဲ့ အချိန်မှာ လီးဂူးဝမ်း ဖလားကို ရရှိသွားမှာ ဖြစ်ပေမဲ့ အောက်ခြေ အသင်းက အာမီယန်အသင်း နဲ့ တူးလူးအသင်းတို့ကတော့ ပွဲစဉ် (၁၀) ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အချိန်မှာ လီးဂူးတူးကို တန်းဆင်းဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လိဂ် လီးဂူးဝမ်း ပွဲစဉ် (၂၇) ပွဲ ကစားပြီးတဲ့ အချိန်မှာ နိုင်ပွဲ (၂၂) ပွဲ၊ သရေ (၂) ပွဲ နဲ့ ရှုံးပွဲ (၃) ပွဲ ရရှိနိုင်ထားတာကြောင့် ရမှတ် (၆၈) မှတ် ရရှိထားပြီး အဆင့် (၂) နေရာက မာဆေးလ်အသင်းကို ရမှတ် (၁၂) မှတ် ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

Photo Credit: Dailymail

လီးဂူးဝမ်း ပြိုင်ပွဲဟာ လက်ကျန် ပွဲစဉ် (၁၀) ပွဲ ကစားဖို့ လိုအပ်နေတဲ့ အချိန်မှာ ရပ်နားလိုက်ရပြီ ဖြစ်တာကြောင့် တန်းဆင်းရတဲ့ အသင်း (၂) သင်းအတွက်ကတော့ မကျေနပ်စရာ ဖြစ်နေပေမဲ့ လီးဂူးတူးကနေ တန်းတတ်လာတဲ့ အသင်း (၂) သင်းအတွက်ကတော့ ပျော်စရွာ ဖြစ်နေပါတယ်။ ပီအက်စ်ဂျီအသင်းကို လီးဂူးဝမ်း ဖလား ပေးအပ်မှာ ဖြစ်ပေမဲ့ စာရွှက်စာတမ်း ကိစ္စတွေ အားလုံး အပြည့်အဝ မပြုလုပ်နိုင်သေးခင်အထိ လီးဂူးဝမ်း ဖလားကို တရားဝင် ပေးအပ်သွားမှာ မဟုတ်ဘဲ စာရွက်စာတမ်း ကိစ္စတွေ အားလုံးကို ပြုလုပ်ပြီးမှ လီးဂူးဝမ်း ဖလားကို ပေးသွားမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ လက်ရှိရာသီ လီးဂူးဝမ်း ဖလားကို ရရှိမယ် ဆိုရင် (၃) နှစ်ဆက်တိုက် ရရှိသွားမှာ ဖြစ်ပြီး သူတို့ရဲ့ သမိုင်းမှာ လီးဂူးဝမ်း ဖလား (၉) ကြိမ်မြောက် ရရှိမှာပဲ ဖြစ်ပါတယ်။