MySport Myanmar

ဒမ်ဘီလီကို ချယ်လ်ဆီးလက်ထဲကနေ ကြားဖြတ် ခေါ်ယူသွားချင်နေတဲ့ ပီအက်စ်ဂျီ

အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေကိုသာ စာချုပ်သက်တမ်း တိုးမြှင်ထားပြီး မနှစ်က နွေဈေးကွကက်ထဲ စပို့တင်းလစ္စဘွန်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ နူနိုမန်ဒက်စ်ကို အပြီးသတ် ခေါ်ယူဖြစ်ထားခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Photo Credit : Eurosport

အသက်(၂၅)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ အခုလအတွင်းမှာပဲ စာချုပ်သက်တမ်း ကုနဆုံးသွားရတော့မှာဖြစ်ပြီး ဇူလိုင်(၁)ရက်နေ့မှာပဲ free agent ကစားသမားတစ်ဦး ဖြစ်လာတော့မှာမို့ ကလပ်အသင်းတွေက ဒမ်ဘီလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ လတ်တလောမှာ ချယ်လ်ဆီးအသင်းက ဒမ်ဘီလီကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပြီး သူတို့အသင်းရဲ့ အခုနှစ် နွေရာသီ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုပါ ဖြစ်လာတော့မယ့်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပေမယ့် ပီအက်စ်ဂျီကလည်း ဒမ်ဘီလီကို လက်မလျှော့သေးပဲ ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းလျက် ရှိနေပါတယ်။

Photo Credit : Sportskeeda

ဘာစီလိုနာအသင်းနဲ့ စာချုပ်ကိစ္စ အဆင်မပြေတဲ့နောက်ပိုင်းမှာ ဒမ်ဘီလီရဲ့ အေးဂျင့်ဖြစ်သူက ကလပ်အသင်းများစွာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အဲ့ဒီအသင်းတွေထဲမှာ လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းလည်း ပါဝင်နေခဲ့ပါတယ်။ လက်ရှိမှာတော့ ဒမ်ဘီလီ အေးဂျင့်ဟာ ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ အဆင်ပြေသလောက် ရှိနေတာကြောင့် သူ့ကစားသမားကို စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပို့ဆောင်နိုင်ဖို့ အနီးစပ်ဆုံး ဖြစ်နေပေမယ့် တစ်ဖက်မှာလည်း ပီအက်စ်ဂျီအသင်းနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားလို့ ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့က ချယ်လ်ဆီးမှာရော ပီအက်စ်ဂျီဘက်မှာပါ ဆတူအခွင့်အရေး ရှိလာခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ဘာပေကို အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့ပေမယ့် အသင်းရဲ့ တောင်ပံကစားသမား ဒီမာရီယာကို လက်လွတ်ထားရသလို အီကာဒီကိုလည်း ရောင်းချနိုင်တဲ့ အခြေအနေ ရှိနေတာကြောင့် ပြင်သစ်ကစားသမား ဒမ်ဘီလီကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကလည်း နည်းပြတူဟယ်လ်ရဲ့ တပည့်ဟောင်းဖြစ်တဲ့ ဒမ်ဘီလီကို အသင်းဆီ အရောက်ခေါ်ယူသွားချင်နေပြီး ပီအက်စ်ဂျီနဲ့အပြိုင် ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

Exit mobile version