ပီအက်စ်ဂျီအသင်းကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူ ပြင်သစ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို လာမယ့်စျေးကွက်အတွင်း အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးသွားရဖို့ အသင်းမှာပဲ ဆက်လက်ရှိနေဖို့အတွက် နည်းလမ်း(၃)မျိုးလောက်အထိကို စဉ်းစားထားလျက် ရှိတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Espana

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပြီး ပီအက်စ်ဂျီဘက်က သက်တမ်းတိုးဖို့ အကြိမ်ကြိမ် ကြိုးစားထားပေမယ့်လည်း ဘာပေက သူ့ကို ခေါ်ယူချင်ဆုံး ဖြစ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေသလို ပီအက်စ်ဂျီနဲ့ပါ သက်တမ်းတိုးဖွယ် ရှိနိုင်တဲ့အတွက် အခုချိန်မှာ ဘာပေရဲ့အနာဂတ်ဟာ ဝေဝါးနေဆဲ အခြေအနေမှာသာ ရှိနေရပါတယ်။ ဒီလို အခြေအနေမှာ ပီအက်စ်ဂျီဘက်က ဘာပေကို သက်တမ်းတိုးနိုင်ဖို့ နည်းလမ်း(၃)မျိုးထိကို စီစဉ်ထားတယ်လို့ သိရှိရပါတယ်။

Mbappe will become a free agent in the summer if he fails to sign a new deal with PSG

Photo Credit : The Sun

ပထမဆုံး နည်းလမ်းကတော့ ဘာပေရဲ့အသင်းဖော် နေမာကို အသင်းက ရောင်းထုတ်လိုက်ခြင်းပါပဲ။ နေမာသာ ပီအက်စ်ဂျီအသင်းမှာ ရှိမနေတော့ရင် လီယွန်နယ်မက်ဆီက deeper role ကို ဝင်ကစားနိုင်သလို ဘာပေကလည်း ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှာ တစ်ဦးတည်း လွတ်လွတ်လပ်လပ် ကစားနိုင်မယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ ဒုတိယနည်းလမ်းကတော့ ဘာပေ အသင်းမှာ ဆက်လက်ရှိနေချင်အောင် သူနဲ့ ပိုပြီးအံ့ဝင်ခွင်ကျ ဖြစ်စေနိုင်မယ့် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ပေးသွားဖို့ပါ။ လက်ရှိမှာ ပီအက်စ်ဂျီဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ပြင်သစ်ကစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဘာနဲ့ ချူအာမန်နီတို့ကို ပစ်မှတ်ထားနေတာဖြစ်ပြီး ယူနိုက်တက်နဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ပေါ့ဘာကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဘာပေကို အသင်းမှာ ဆက်ထိန်းထားဖို့ ပိုမိုအားကောင်းလာနိုင်ပါတယ်။ နောက်ဆုံးအချက်ကတော့ ဘာပေကို အသင်းခေါင်းဆောင်ရာထူး လွှဲပြောင်းပေးအပ်လိုက်ဖို့ ဖြစ်ပေမယ့် ဒီတစ်ချက်က အသင်းရဲ့ အဝတ်လဲအခန်းအတွင်း ပြသာနာတွေပါ ဖြစ်လာနိုင်လို့ သေချာကိုင်တွယ်ရဖွယ် ရှိနေသလို အသင်းနည်းပြ ပိုချက်တီနိုကနေ ဇီဒန်းကို ပြောင်းလဲပစ်နိုင်မယ်ဆိုရင်လည်း ဘာပေအနေနဲ့ ဇီဒန်းနဲ့ လက်တွဲပြီး ပီအက်စ်ဂျီမှာသာ ဆက်လက်ရှိနေနိုင်ပါတယ်။