ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ၊ စပိန်အသင်းခေါင်းဆောင် ရာမို့စ် ၊ နယ်သာလန် အသင်းခေါင်းဆောင် ဝစ်နယ်ဒန် ၊ အီတလီ လက်ရွေးစင်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒွန်နာရမ်မာတို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းထံ ခေါ်ယူနိုင်ပြီးနောက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာလည်း နာမည်ကြီး ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထပ်မံ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ သက်ဆိုင်ရာ ကလပ်တွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒို ၊ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာတို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စတင် ချိတ်ဆက်နေပါတယ်။

Photo Credit: Express

ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အသက် ၂၈နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ထားပြီး ပေါ့ဘာကို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေကာ အလွတ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ပေါ့ဘာကို တပတ်လုပ်ခ ပေါင်၆သိန်း အထိ ပေးချေဖို့ အသင့် ရှိနေကြောင်း သိထားရပြီး ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကလည်း သူ့အတွက် အေးဂျင့်ခ မြိုးမြိုးမြက်မြက် ပေးချေမယ့် ပီအက်စ်ဂျီအသင်းဆီ သူ့ရဲ့ ကစားသမားကို တွန်းပို့နေပါတယ်။

Photo Credit: Express

လတ်တလောမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ စာချုပ်သစ် အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီး ပေါ့ဘာကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အချိန်ယူ စဉ်းစားမယ်လို့ အကြောင်းပြန်ထားပါတယ်။

အကယ်၍ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို ဇန်နဝါရီလ အထိ စာချုပ်သက်တမ်း တိုးနိုင်ခြင်း မရှိသေးပါက ပေါ့ဘာဟာ ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာတင် သူ နှစ်သက်တဲ့ အသင်းနဲ့ တရားဝင် ဆွေးနွေးခွင့် ရရှိမှာလည်း ဖြစ်ပါ