မန်ချက်စတာစီးတီးအသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာကို ခေါ်ယူနိုင်မယ့် အခွင့်အရေးမျိုးကို ရရှိခဲ့ပြီး ဒီအခွင့်အရေးကို ပီအက်စ်ဂျီအသင်းဘက် ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့်လည်း မန်စီးတီးဘက်ကတော့ လက်ခံခြင်း မရှိခဲ့ပဲ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

ပြင်သစ်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Le Parisien ရဲ့ သတင်းဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ထိပ်တန်းကစားသမားဖြစ်သူ နေမာကို အခု နွေဈေးကွက်အတွင်း အသင်းကနေ ရှင်းထုတ်သွားဖို့ အစီအစဉ် ရှိနေတဲ့အတွက် မန်စီးတီးအသင်းဆီ ဆက်သွယ်ပြီး နေမာကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီးဘက်က ဒီကမ်းလှမ်းချက်ကို ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Le Parisien ရဲ့ ထပ်မံ ဖော်ပြချက်မှာတော့ ပီအက်စ်ဂျီဟာ နေမာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘယ်လို deal မှာပဲဖြစ်ဖြစ် မန်စီးတီး ကြယ်ပွင့်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ထည့်သွင်းပေးရမယ်လို့ တောင်းဆိုခဲ့သေးတာကြောင့် မန်စီးတီးဘက်က လုံးဝ ပယ်ချသွားခဲ့ပါတယ်။

Neymar, Roberto Carlos, Tevez: Players 'who followed the money' XI

Photo Credit : GiveMeSport

ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ ပီအက်စ်ဂျီအသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း အသင်းဘက်က ဘာပေကို စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီးနောက်ပိုင်းမှာ အသင်းအတွက် နေမာရဲ့ အရေးပါမှုတွေက ကျဆင်းလာခဲ့ရသလို အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းတိုးနိုင်ခဲ့တဲ့ ဘာပေရဲ့ အခန်းကဏ္ဍာကပါ ပိုမို အရေးပါလာခဲ့ပါတယ်။ ဒါ့အပြင် ဘာပေကို သက်တမ်းတိုးခဲ့တုန်းကလည်း ဘာပေအနေနဲ့ အသင်းအတွင်း လုပ်ပိုင်ခွင့်တွေကိုပါ ခွင့်ပြုပေးထားခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကြောင့် နေမာ အနာဂတ်ကပါ လှုပ်ခတ်လာခဲ့ရတာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း ပီအက်စ်ဂျီဘက်က ဘာပေကို သက်တမ်းတိုးထားနိုင်ခဲ့ပြီးနောက် ဘဏ္ဍာရေးပိုင်း အခြေအနေတွေကြောင့် နေမာကို ရောင်းထုတ်ချင်နေသလို ဘာပေကိုယ်တိုင်ကလည်း စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းဖော်နေမာကို အသင်းကနေ ရှင်းထုတ်စေချင်နေပါတယ်။ ဒီလို အခြေအနေတွေမှာ ပီအက်စ်ဂျီအနေနဲ့ Reims တိုက်စစ်မှူး အက်ကီတိုက်ခ်ကိုပါ ခေါ်ယူထားတာဖြစ်လို့ နေမာကို ရောင်းချဖို့ အကြောင်းပိုဖန်လာခဲ့ပြီး နေမာကို ခေါ်ယူနိုင်ခြေရှိမယ့် အသင်းတွေကို ဆက်သွယ်လာခဲ့ရာ မန်စီးတီးအသင်းဆီလည်း ဆက်သွယ်လာခဲ့ရင်း နေမာရဲ့ deal မှာ ပြောင်းရွှေ့ကြေးတချို့နဲ့ ဘာနာဒိုဆေးလ်ဗားကိုပါ ထည့်သွင်း ကမ်းလှမ်းရမယ်လို့ တောင်းဆိုခဲ့တဲ့အပေါ် မန်စီးတီးဘက် အတိအလင်း ပယ်ချသွားခဲ့ပါတယ်။