ပြီးခဲ့တဲ့ နွေရာသီစျေးကွက်တုန်းက စျေးကွက်ပိတ်သိမ်းခါနီးမှာပဲ အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီက အင်တာမီလန်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို တစ်ရာသီအငှါးနဲ့ ရောက်ရှိလာခဲ့ပြီး အငှါးသက်တမ်းကုန်ဆုံးရင် ပီအက်စ်ဂျီကို အပြီးသတ်ပြောင်းရွေ့လိမ့်မယ်လို့ ထင်ခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီကတော့ အီကာဒီကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိလို့ ရာသီအကုန်မှာ အင်တာအသင်းဆီပဲ ပြန်လည်ပို့ဆောင်ဖွယ်ရှိနေတာကြောင့် အီကာဒီအနေနဲ့လည်း အသင်းသစ်ကို ရှာဖွေရတော့မှာဖြစ်ပါတယ်။

Photo Credit : AllFootball

အသက်၂၆နှစ်အရွှယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးအီကာဒီဟာ ပီအက်စ်ဂျီအသင်းအတွက် ဒီရာသီအတွင်းမှာ ၂၈ပွဲပါဝင်ကစားထားနိုင်ခဲ့ကာ သွင်းဂိုး၁၉ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းကို အငှါးနဲ့သာ လာရောက်ကစားနေတာဖြစ်ပေမယ့်လည်း အသင်းရဲ့ရှိရင်းစွဲတိုက်စစ်ကစားသမားတွေထက်ကို သွင်းဂိုးတွေများစွာ ရယူပေးထားနိုင်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကတော့ အီကာဒီကို ပေါင်၅၈သန်းနဲ့ အင်တာမီလန်ကနေ အပြီးသတ်ခေါ်ယူသွားဖို့ ဆန္ဒမရှိပဲ သူတို့အသင်းရဲ့အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ နေမာနဲ့ ဘာပေတို့ကို စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ဖို့ကိုသာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Photo Credit : Transfermarket

တကယ်လို့သာ အီကာဒီအနေနဲ့ ပီအက်စ်ဂျီအသင်းဆီကို အပြီးသတ်မပြောင်းရွှေ့ရဘူးဆိုရင် သူရဲ့မိခင်ကလပ် အင်တာမီလန်ဆီကို ပြန်တော့မှာမဟုတ်ပဲ အခြားသော အသင်းတစ်သင်းသစ်တစ်သင်းဆီကိုပဲ သေချာပေါက်ပြောင်းရွှေ့မှာဖြစ်ပါတယ်။ လတ်တလောမှာတော့ အီကာဒီကို ရီးရဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ကနေ အပြိုင်ပစ်မှတ်ထားနေကြပြီး ရီးရဲလ်ကစားသမား သူတို့အသင်းရဲ့ကစားသမားတချို့နဲ့ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေသလို ဂျုဗင်တပ်စ်ကလည်း ရော်နယ်ဒိုကိုသာ မှီခိုနေရတဲ့ သူတို့ရဲ့တိုက်စစ်ကို အကောင်းဆုံးအင်အားဖြည့်တင်းဖို့အတွက် အီကာဒီကို အလိုရှိနေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းကလည်း သူတို့နဲ့ ပြသာနာဖြစ်ပွားထာခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်းကို အသင်းဆီ ပြန်လာခွင့်ပေးမှာမဟုတ်ပဲ စီးရီးအေချန်ပီယံလု ပြိုင်ဘက်တွေဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းထက် ရီးရဲလ်မက်ဒရစ်အသင်းဆီကိုသာ ရောင်းချဖွယ်ရှိနိုင်ပါတယ်။