MySport Myanmar

ကန်တေရဲ့ စာချုပ် အခြေအနေကို စောင့်ကြည့်နေတဲ့ ပီအက်စ်ဂျီ

မက်ဆီ ရာမို့စ် ဒွန်နာရမ်မာတို့လို တကယ့် ဒိတ်ဒိတ်ကြဲ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ နောက်ထပ် world-class ကစားသမားတစ်ဦးဖြစ်တဲ့ အန်ဂိုလိုကန်တီကိုပါ လာမယ့် ဘောလုံးရာသီမှာ free transfer နဲ့ ခေါ်ယူသွားဖို့အတွက် ကန်တေရဲ့လက်ရှိ စာချုပ်အခြေအနေကို စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ကန်တေဟာ ချယ်လ်ဆီးအတွက် အရေးပါလှတဲ့ ကစားသမားမျိုး ဖြစ်နေပေမယ့်လည်း ကန်တေက injury prone player တစ်ယောက် ဖြစ်နေတာကြောင့် တစ်နှစ်သက်တမ်းသာ ကျန်ရှိနေတော့တဲ့ ကန်တေရဲ့ စာချုပ်သက်တမ်းကို တိုးမြှင့်ဖို့ လိုတာထက် ပိုတွေးတောနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက ကန်တေရဲ့ စာချုပ်အခြေအနေကို စောင့်ကြည့်လာခဲ့ပြီး စာချုပ်သက်တမ်းတိုးမှု မဖြစ်ခဲ့ဘူးဆိုရင် ကန်တေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် အကြိုသဘောတူညီမှု ရယူထားနိုင်အောင် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၃၁)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တေဟာ လက်ရှိမှာ ကြွက်သားဒဏ်ရာ ခံစားနေရတာကြောင့် လိဒ်စ်ယူနိုက်တက် လက်စတာစီးတီးအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွံဲစဉ်တွေကို လွဲချော်ခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဒူးဒဏ်ရာ ပေါင်ခြံဒဋ္ဌဏ်ရာတွေအပြင် ကိုဗစ်ကူးစက်မှုနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ကန်တေအနေနဲ့ လက်ရှိမှာ သူရဲ့စာချုပ်က ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ကုန်ဆုံးတော့မှာဖြစ်ပြီး ချယ်လ်ဆီးဘက်က ကန်တေကို စာချုကပ်သက်တမ်း ထပ်တိုးချင်သလို ကန်တေကလည်း ချယ်လ်ဆီးမှာ ဆက်နေချင်ပေမယ့် ကန်တေရဲ့အသက်အရွယ် ဒဏ်ရာအခြေအနေ ကြံခိုင်မှု အခြေအနေတွေကို ချယ်လ်ဆီးဘက်က ထည့်သွင်းစဉ်းစားဖွယ် ရှိလာနိုင်ပြီး ဒါကလည်း စာချုပ်သက်တမ်းတိုးမှုကို ကြန့်ကြာသွားရဖွယ် ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို ပီအက်စ်ဂျီအသင်းက စောင့်ကြည့်နေတာဖြစ်ပြီး ကန်တေနဲ့ ချယ်လ်ဆီးအသင်းတို့သာ လာမယ့် ဆောင်းရာသီဈေးကွက်အထိ contract ကိစ္စ အဆင်မပြေနိုင်သေးရင် ကန်တေကို free transfer နဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖွယ်လည်း ရှိနေပါတယ်။ ကန်တေဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကတည်းက လက်စတာအသင်းကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၇)ရာသီ ဖြတ်ထားပြီးနောက်မှာ ပွဲပေါင်း (၂၆၂)ပွဲ ပါဝင်ထားနိုင်ခဲ့ပြီး အသင်းနဲ့လည်း ချန်ပီယံလိဂ် ယူရိုပါလိဂ် ပရီးမီးယားလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ အက်အေဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Exit mobile version