ပီအက်စ်ဂျီအသင်း အခုဆောင်းရာသီစျေးကွက်အတွင်းမှာ သူတို့အသင်းအတွက် အမြဲတမ်းဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ထားနိုင်တဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီကို လက်လွတ်ရဖို့ သေချာသလောက်ရှိနေပြီမို့ ဒီကစားသမားနေရာမှာ အစားထိုးဖို့အတွက် အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းကို မျက်စိကျလို့နေပြီး ခေါ်ယူဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူတွေနဲ့တောင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ ပြင်သစ်အားကစားမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : Daily Mail

အသက်၃၀အရွှယ် ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ လာမယ့်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာလည်း သူ့ကို ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိလို့နေပါတယ်။ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားကြီးဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ကို ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် လေးလလောက်အထိကို အနားပေးထားရမှာဖြစ်သလို ဆွာရက်ဇ်မှာလည်း အသက်၃၃နှစ်အရွှယ် ရောက်ရှိလာပြီဖြစ်တာကြောင့် သူ့နေရာအတွက် အူဘာမီယန်းနဲ့ အစားထိုးသွားချင်နေတာဖြစ်ပါတယ်။ အူဘာမီယန်းကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားလျက်ရှိလို့နေပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် အခုအချိန်မှာတော့ ပီအက်စ်ဂျီအသင်းကလည်း အသင်းမှာ အနာဂတ်မရှိတော့သလောက် ဖြစ်နေရတဲဲ့ ကာဗာနီရဲ့နေရာမှာ အူဘာမီယန်းနဲဲ့ အစားထိုးနိုင်ဖို့အတွက် ကြိုးပမ်းလာခဲ့ပြီး အခုစျေးကွက်အတွင်းမှာ အငှားနဲဲ့ခေါ်ယူမှာဖြစ်ကာ အငှားသက်တမ်းကုန်ဆုံးချိန်မှာတော့ အပြီးသတ်ခေါ်ယူမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့်မို့ အခုဆောင်းရာသီစျေးကွက် ပိတ်သိမ်းဖို့ ရက်ပိုင်းလောက်အလိုမှာ အူဘာမီယန်းအတွက် ဘာစီလိုနာနဲဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အပြိုင်ကြိုးပမ်းမှုတွေ မြင်တွေ့လာရနိုင်ပါတယ်။ အူဘာမီယန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ခရစ္စတယ်ပဲလေ့စ်နဲဲ့ အာဆင်နယ်အသင်းတို့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲဲစဉ်အတွင်းမှာ ပြိုင်ဘက်ကစားသမားကို ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်ပြ အထုတ်ပယ်ခံထားရခဲ့ပါတယ်။

(Zawgyi)

ကာဗာနီနေရာအတွက် အူဘာမီယန်းနဲ့ အစားထိုးဖို့ စတင်ကြိုးပမ်းလာခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်း အခုဆောင်းရာသီဈေးကွက်အတွင်းမှာ သူတို့အသင်းအတွက် အမြဲတမ်းဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ထားနိုင်တဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီကို လက်လွတ်ရဖို့ သေချာသလောက်ရှိနေပြီမို့ ဒီကစားသမားနေရာမှာ အစားထိုးဖို့အတွက် အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းကို မျက်စိကျလို့နေပြီး ခေါ်ယူဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူတွေနဲ့တောင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ ပြင်သစ်အားကစားမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။




ဒါပေမယ့် အခုအချိန်မှာတော့ ပီအက်စ်ဂျီအသင်းကလည်း အသင်းမှာ အနာဂတ်မရှိတော့သလောက် ဖြစ်နေရတဲ့ ကာဗာနီရဲ့နေရာမှာ အူဘာမီယန်းနဲ့ အစားထိုးနိုင်ဖို့အတွက် ကြိုးပမ်းလာခဲ့ပြီး အခုဈေးကွက်အတွင်းမှာ အငှားနဲ့ခေါ်ယူမှာဖြစ်ကာ အငှားသက်တမ်းကုန်ဆုံးချိန်မှာတော့ အပြီးသတ်ခေါ်ယူမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့်မို့ အခုဆောင်းရာသီဈေးကွက် ပိတ်သိမ်းဖို့ ရက်ပိုင်းလောက်အလိုမှာ အူဘာမီယန်းအတွက် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အပြိုင်ကြိုးပမ်းမှုတွေ မြင်တွေ့လာရနိုင်ပါတယ်။ အူဘာမီယန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ခရစ္စတယ်ပဲလေ့စ်နဲ့ အာဆင်နယ်အသင်းတို့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ကစားသမားကို ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်ပြ အထုတ်ပယ်ခံထားရခဲ့ပါတယ်။