MySport Myanmar

အသင်း ကွင်းလယ်ပိုင်းအတွက် ဂါဗီကိုပါ ပစ်မှတ်ထားလျက် ရှိနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ကီလီယန် အမ်ဘာပေကို လက်လွတ်ရပြီးချိန်မှာ အသင်းအတွက် ထိပ်တန်း ကစားသမား အများအပြားကို ပြန်လည် ဖြည့်တင်းသွားဖို့ ရှိနေပြီး သူတို့အသင်းရဲ့ ပစ်မှတ်ထဲမှာလည်း ဘာစီလိုနာ ကြယ်ပွင့်ကစားသမား ဂါဗီပါ ပါဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိ ပီအက်စ်ဂျီအသင်းမှာ လစာ အမြောက်အများ ရရှိနေတဲ့ ဘာပေကို အသင်းကနေ စွန့်လွတ်လိုက်ရပြီဆိုရင် ပီအက်စ်ဂျီအသင်းဘက်က အပြောင်းအရွှေ့ အသုံးစရိတ်အတွက် ယူရို သန်း(၂၀၀)လောက်အထိ ထွက်ပေါ်လာမှာဖြစ်လို့ လာမယ့်နွေမှာပဲ ပီအက်စ်ဂျီရဲ့ mega signings တွေကို မြင်တွေ့လာရနိုင်ပါတယ်။

Photo Credit : 90Min

လတ်တလောမှာတော့ ပီအက်စ်ဂျီက ဘာပေနေရာမှာ တိုက်ရိုက် အစားထိုးသွားဖို့အတွက် နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား ထိပ်တန်း တိုက်စစ်ကစားသမား ဗစ်တာ အိုဆီမန်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားလို့နေပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းက အိုဆီမန်အပြင် တခြား တိုက်စစ်ကစားသမား options တွေအဖြစ် ရာဖယ်လ် လီယာအို ၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် ၊ ဘင်ဂျမင် ဆက်စ်ကို နဲ့ လော်တာရို မာတီနက်ဇ်တို့ကိုလည်း ဆက်လက် ပစ်မှတ်ထားလျက် ရှိနေပါသေးတယ်။

Photo Credit : Goal

နောက်ပြီး ပီအက်စ်ဂျီက တိုက်စစ်ပိုင်းအတွက်သာမကပဲ အသင်းကွင်းလယ်ပိုင်းအတွက်ကိုလည်း နယူးကာဆယ်ရဲ့ ဘရူနို ဂွီမာရေ့စ် ၊ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား နဲ့ ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီ ကွင်းလယ်ကစားသမားလေး ဂါဗီတို့ကိုလည်း မျက်စိကျနေပြန်ပါတယ်။

ဘာစီလိုနာ နည်းပြဖြစ်သူ လူးဝစ် အင်းနရစ်က စပိန်လက်ရွေးစင်အသင်း နည်းပြအဖြစ် ဆောင်ရွှက်ခဲ့တုန်းက ဘာစီလိုနာ ကစားသမားလေး ဂါဗီကို အသင်းမှာ နေရာ စတင်ပေးခဲ့ပြီး အခုလည်း သူရဲ့ ပီအက်စ်ဂျီအသင်းဆီကိုလည်း အရ ခေါ်ဆောင်သွားချင်ပါတယ်။

Exit mobile version