ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အသင်းရဲ့ နည်းပြ ဖြစ်သူ ရော်နယ် ကိုးမန်းနဲ့ တွေ့ဆုံပြီး “more out than in – အသင်းမှာ ဆက်နေဖို့ထက် အသင်းက ထွက်သွားဖို့ ပိုများတယ်” လို့ ပြောခဲ့တာကြောင့် ဂျုဗင်တပ်အသင်း၊ ပီအက်စ်ဂျီအသင်း နဲ့ အင်တာမီလန်အသင်းတို့က သူ့ကို အရ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ပါတယ်။ Dailymail သတင်းက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိရာသီမှာ ဆုဖလား တစ်ခု မရနိုင်ခဲ့ဘဲ ဆုဖလားလက်မဲ့ ရာသီကုန်ဆုံးသွားခဲ့တာကြောင့် အသင်းပြောင်းနိုင်ဖို့အတွက် ဥရောပက ထိပ်သီးအသင်းတွေနဲ့ ချိတ်ဆက်နေပြီး ဘာစီလိုနာအသင်းကနေ ထွက်သွားနိုင်ချေရှိတယ်လို့ အခိုင်အမာ ဖော်ပြသွားတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

စပိန်နိုင်ငံ အခြေစိုက် Outlet Sport သတင်းကလည်း နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်း၊ နည်းပြ ကွန်တီရဲ့ အင်တာမီလန်အသင်း နဲ့ နည်းပြ ပီယာလိုရဲ့ ဂျုဗင်တပ်အသင်းတို့ဟာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ပက်ဆီကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ဆင်သင့် ဖြစ်ကြတယ်လို့ ဖော်ပြသခဲ့ပါတယ်။ အခြားသတင်းတွေကလည်း ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီအနေနဲ့ အသင်းကနေ ထွက်သွားမယ် ဆိုရင်တော့ ပီအက်စ်ဂျီအသင်း၊ အင်တာမီလန်အသင်း နဲ့ ဂျုဗင်တပ်အသင်းတို့က တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့အတွက် ဘဏ္ဍရေး ငွေကြေး အတက်နိုင်ဆုံး အသင်းတွေ ဖြစ်တယ်လို့လည်း အခိုင်အမာ ဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

အီတလီနိုင်ငံမှာ ဘောလုံး ကစားသမားတွေအနေနဲ့ အခွန် ပေးတာ အခြားနိုင်ငံတွေထက် ပိုနည်းတာကြောင့် အင်တာမီလန်အသင်းက မက်ဆီကို ခေါ်ယူနိုင်ဖို့ တစ်ခု သာနေပြီး မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ တိုက်စစ်မှူး မာတီနက်စ်ကိုလည်း အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်း ထွက်နေပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ လွန်ခဲ့တဲ့(၂၀၁၁) ခုနှစ်မှာ ပိုင်ရှင်သစ် ပြောင်းသွားခဲ့စဉ်ကတည်းက နေမာကိုတောင် ပေါင် သန်း (၂၀၀) နီးပါးနဲ့ ခေါ်ယူခဲ့တာကြောင့် မက်ဆီကိုလည်း ခေါ်ယူဖို့ ဝန်မလေးမှာ ဖြစ်ပြီး ဂျုဗင်တပ်အသင်းက အသင်းရဲ့ တိုက်စစ်မှူုး ရော်နယ်ဒိုနဲ့ တွဲကစားဖို့အတွက် မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။