ချန်ပီယံလိဂ် (၁၆)သင်း ရှံးထွက်အဆင့်မှာ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာလာခဲ့ရပြီးနောက်ပိုင်း အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ လန်းစ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း သူ့ကို အသင်းပရိသတ်တွေက ဆက်လက်လှောင်ပြောင်နေသေးတဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ် ကမ္ဘာ့အကောင်းဆုံး ကစားသမား အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ နွေကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ပီအက်စ်ဂျီ ကစားသမားဘဝ အစပိုင်းမှာ ရုန်းကန်မှုတွေ ရှိခဲ့ရသလို ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်ကနေ ထွက်ခွာခဲ့ရချိန်မှာလည်း အသင်းပရိသတ်တွေက မက်ဆီနဲ့ နေမာတို့ကိုသာ အော်ဟစ်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာရပြီးကတည်းက ပီအက်စ်ဂျီရဲ့ လီဂူးပွဲစဉ်တချို့မှာလည်း မက်ဆီ နေမာတို့ကို ဆက်လက် လှောင်ပြောင်နေခဲ့ပြီး လန်းစ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လီဂူးပွဲစဉ်မှာပါ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့ မက်ဆီကို အသင်းပရိသတ်တွေဘက်က ဆက်တိုက်လှောင်ပြောင်လာခဲ့ပါသေးတယ်။

Pochettino lamented the blunders Messi received from PSG fans: "They don't  understand each other" - 24 News Recorder

Photo Credit : 24 News Recoder

မက်ဆီအပေါ် အော်ဟစ်လှောင်ပြောင်နေတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ အပြုအမှုနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက “မက်ဆီအပေါ် လှောင်ပြောင်မှုတွေက ထပ်ဖြစ်ရပြန်ပြီလား။ ဒါက မယုံနိုင်စရာကောင်း လောက်အောင် နားမလည်နိုင်လောက်အောင်ပါပဲ။ ဒါက လက်ခံရ ခက်ခဲစေနိုင်မယ့် အရာတွေပါ။ ဒါက စိတ်ကူးကြည့်ဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်ပြီး ကျွန်တော့်အမြင်အရဆိုရင်လည်း နားလည်လို့ မရနိုင်တဲ့ အခြေအနေပါ။ မက်ဆီရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်သတင်းတွေနဲ့အတူ ဘောလုံးအားကစားအတွက် သူ ပေးဆပ်ခဲ့တာတွေနဲ့ ဆက်လက်ပေးဆက်နေမယ့် အရာတွေက ပိုများပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းဟောင်း ဘာစီလိုနာအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၃၈)ဂိုး သွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် (၉)ဂိုးသာ သွင်းယူထားနိုင်ပြီး လီဂူးမှာလည်း (၄)ဂိုးပဲ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီဟာ အသင်းအတွက် (၁၃)ဂိုး ဖန်တီးထားနိုင်သလို အသင်းနဲ့လည်း လီဂူးချန်ပီယံဖလားကိုပါ အရယူဆောင်ထားနိုင်ခဲ့ပါတယ်။