တရုတ်ပြည်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ခေါ် အဆုတ်ရောင်ရောဂါကတော့ အရမ်းကို ကြောက်မက်ဖွယ်ကောင်းလှတဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး အခုဆိုရင် တရုတ်နိုင်ငံတစ်ခုတည်းတင်မကပဲ ကမ္ဘာ့နေရာ အနှံအပြားတွေမှာပါ ကူးစက်ပျံနှံလျက်ရှိကာ သေဆုံးတဲ့လူဦးရေမှာလည်း တစစနဲ့ကို တိုးပွားလို့နေပါတယ်။ ဒီလို အခြေအနေအထိ ရောက်ရှိလို့ေါ်နတာကြောင့် ဇန်နဝါရီလ ၃၀ရက်နေ့မှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန်ကြေညာခဲ့ပြီး အခုလည်း ဥရောပမှာ ရောဂါပျံနှံနေတာကြောင့် ဘောလုံးပွဲတချို့ဆိုရင် ရပ်နားထားခဲ့ရပါတယ်။

အီတလီမှာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ တွေ့ထားရပြီး စိုးရိမ်စရာအနေအထားတွေရှိနေတာကြောင့် ဒီတစ်ပတ်အတွင်း ကစားကြမယ့် ဂျုဗင်တပ်စ်နဲဲ့ အင်တာမီလန်အသင်းတို့ရဲဲ့ စီးရီးအေပွဲအပါအဝင် စီးရီးအေပွဲ(၅)ပွဲကို ရပ်နားခဲ့ရပါတယ်။ ပိုဆိုးတာက ဂျုဗင်တပ်စ် ယူ-၂၃အသင်းမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့မိတယ်ဆိုကာ အခုဆိုရင် အသင်းရဲ့ ကစားအားလုံးကို လေ့ကျင့်ရေးအစီအစဉ်တွေ မပြုလုပ်ဖို့ တားမြစ်ထားသလို လာမယ့်ပွဲတွေအတွက်ကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ခေါင်းခြောက်နေရပါတယ်။

အခုဒီပြသာနာက ဥရောပမှာ ပျံနှံနေတာကြောင့် အီတလီနိုင်ငံမှာတင်မကပဲ ဆွတ်ဇာလန်နိုင်ငံမှာလည်း ဘောလုံးပွဲတွေအားလုံးကို ခဏရပ်နားလိုက်ရပြီး အခု ပြင်သစ်နိုင်ငံမှာလည်း ဘောလုံးပွဲတွေကို ရွှေ့ဆိုင်းထားဖို့ စီစဉ်လျက်ရှိနေတာကြောင့် လာမယ့်တစ်ပတ်အတွင်းမှာ ပြန်လည်ကစားရတော့မယ့် ပီအက်စ်ဂျီအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ချန်ပီယံလိဂ်ပွဲကိုပါ ရပ်နားရဖွယ်ရှိနေပါတယ်။ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က ဂျာမန်မြေမှာ ပထမအကျော့ကို ဆင်နွဲခဲ့ရပြီး ဒေါ့မွန်က ဟာလန်းရဲ့သွင်းဂိုးတွေနဲ့အတူ ၂ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ကာ အခု ဒုတိယအကျော့ ပြင်သစ်မြေမှာ ကစားရမယ့်ပွဲကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲကျင်းပဖို့တောင် မသေချာမရေရာဖြစ်နေတဲ့အပြင် ပရိသတ်မပါဝင်ပဲနဲ့တောင် ကစားရဖွယ်ရှိနေပါတယ်။