MySport Myanmar

အာတီတာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ လုပ်နေတဲ့ ပီအက်စ်ဂျီ

မကြာခင်မှာ နည်းပြချုပ် ဂယ်လ်တီယာကို ရာထူးကနေ ထုတ်ပယ်တော့မယ့် ပီအက်စ်ဂျီက သူတို့ရဲ့ ကစားသမားဟောင်း ဖြစ်သလို ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ်လည်း ဖြစ်တဲ့ မီခေး အာတီတာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီက ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ အစကမှ ပြင်သစ်လူမျိုး နည်းပြဖြစ်သူ ဂယ်လ်တီယာကို သူတို့အသင်းရဲ့ နည်းပြအဖြစ် ၂နှစ်စာချုပ်နဲ့ ခေါ်ယူ ခန့်အပ်ထားတာ ဖြစ်ပြီး ဂယ်လ်တီယာက ပီအက်စ်ဂျီအတွက် ပြင်သစ် လီဂူးဝမ်းဖလား ယူပေးနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အစောကြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ဖလားပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ပီအက်စ်ဂျီဥက္ကဌ အယ်ခါလိုင်ဖီနဲ့ အားကစားဒါရိုက်တာ ကန်ပို့စ်တို့က ဂယ်လ်တီယာကို ရာထူးကနေ ထုတ်ပယ်ကာ ထိပ်တန်းနည်းပြ တဦးကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းကို နည်းပြသစ် ခန့်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။

ပီအက်စ်ဂျီက နာဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် အာဆင်နယ်နဲ့အတူ အောင်မြင်မှု တချို့ ရယူထားနိုင်တဲ့ စပိန်လူမျိုး နည်းပြဖြစ်သူ မီခေး အာတီတာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေနဲ့ အာတီတာရဲ့ ကြားထဲမှာ ဆွေးနွေးမှု တချို့တောင် လုပ်ဆောင်ပြီးပါပြီ။

Photo Credit: The Sun

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sportsရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ ကန်ပို့စ်က အာတီတာနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ အာတီတာဟာ ခိုင်လုံတဲ့ အာမခံချက်တွေ ရှိရင် သူ့ရဲ့ အသင်းဟောင်း ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် ၄၁နှစ် အရွယ် စပိန်လူမျိုးနည်းပြ အာတီတာက ၂၀၁၉ခုနှစ်မှ စတင်ကာ အာဆင်နယ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက အာဆင်နယ် အတွက် အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူပေးထားနိုင်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လုနီးပါး အနေအထားမျိုး အထိ ရောက်အောင် အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့သူပါ။

Exit mobile version