လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အသက်လက်တီကိုမက်ဒရစ်အသင်းမှာ မတည်မငြိမ် ဖြစ်နေရတဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားလေး ဂျာအိုဖေးလစ်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။

PSG ready to move for Atletico Madrid's Joao Felix | Marca

Photo Credit : Marca

အသက်လက်တီကိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဖေးလစ်ဟာ ဒီနှစ်ဘောလုံးရာသီရဲ့ နောက်ပိုင်းပွဲတွေအတွင်း ကစားခွင့်တွေ နည်းပါးလာခဲ့ရသလို ဖေးလစ်နဲ့ နည်းပြဆီမြွန်နီတို့ကြားမှာလည်း ဆက်ဆံရေးပိုင်း အဆင်မပြေ ဖြစ်နေတာကြောင့် ဖေးလစ်က လာမယ့်ဈေးကွက်ထဲမှာပဲ အသင်းကနေ ထွက်ခွာချင်နေပါတယ်။ အသက်(၂၂)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဖေးလစ်ဟာ ဒီနှစ်ရာသီအတွင်း အသက်လက်တီကိုအတွက် (၈)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားခဲ့ရပြီး အသင်းကလည်း ချန်ပီယံလိဂ် အုပ်စုအောက်ဆုံးအဆင့်နဲ့ ထွက်ခွာထားခဲ့ရတဲ့ အခြေအနေတွေကြောင့် ဖေးလစ်ရဲ့ အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။

Paris Saint Germain Eyeing January Loan Swoop for Struggling Atletico  Madrid Forward Joao Felix ▷ SportsBrief.com

Photo Credit :  Sports Brief

ဒီလို မတည်ငြိမ်တဲ့ အခြေအနေမျိုး ရှိနေတဲ့ ဖေးလစ်ကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူသွားဖို့ စီစဉ်နေသလို ပီအက်စ်ဂျီအသင်းကပါ အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ပြင်သစ်သတင်းမီဒီယာ Le Parisien ကနေ ဖော်ပြလာခဲ့ပါတယ်။ ပီအက်စ်ဂျီရော ယူနိုက်တက်ရောပါ ဖေးလစ်ကို နွေဈေးကွက်ကတည်းက ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်က အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သလို အသင်းကလည်း အသင်းရဲ့ကြယ်ပွင့်ဖြစ်တဲ့ ဖေးလစ်ကို အသင်းမှာသာ ဆက်လက် ထိန်းထားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ အသင်းက ချန်ပီယံလိဂ်ကနေ ထွက်ခွာထားရပြီး ယူရိုပါလိဂ်ဆီပါ မရောက်နိုင်ခဲ့တာကြောင့် အသင်းဘဏ္ဍာရေးအပိုင်း ထိခိုက်ဖို့ ရှိနေတာကြောင့် ဖေးလစ်လို တန်ကြေးမြင့်မားမယ့် ကစားသမား အနည်းငယ်ကို မဖြစ်မနေ ရောင်းချရဖို့ လိုအပ်လာခဲ့ပါတယ်။ ဖေးလစ်ရဲ့ လက်ရှိတန်ကြေးဟာလည်း အနိမ့်ဆုံး ယူရိုသန်း(၅၀)လောက် ရှိနေသလို အသက်လက်တီကိုနဲ့ ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိနေတာကြောင့် သူ့ကို ရောင်းချမယ်ဆိုရင် ဝယ်ယူခဲ့တုန်းကလောက် တန်ကြေးမျိုး မရနိုင်ဘူးဆိုရင်တောင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးတော့ ရရှိနိုင်ဖွယ် ရှိပါတယ်။