ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက အီတလီ စီးရီးအေ နာမည်ကြီးကလပ် နာပိုလီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ စပိန်ကွင်းလယ်လူ ဖေဘီယန် ရုစ်ကို ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဖေဘီယန် ရုစ်က လာမယ့် ဘောလုံးရာသီ အကုန်မှာ နာပိုလီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း မရေရာတဲ့ ကစားသမားပါ။

Photo Credit: Team Talk

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ ခေါ်ယူနိုင်မယ့် ဖေဘီယန် ရုစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပြီး ပီအက်စ်ဂျီကတော့ ဖေဘီယန် ရုစ်ကို ခေါ်ယူနိုင်ဖို့ တိတ်တဆိတ် ကြိုးပမ်းနေတာ အတော်လေးကို ကြာမြင့်နေပါပြီ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ အသစ် ကန်ပို့စ်က သူတို့အသင်းရဲ့ ကွင်းလယ်အတွက် ဖေဘီယန် ရုစ်ကို ခေါ်ယူဖို့ ကာလရှည် ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ကန်ပို့စ်က ဖေဘီယန် ရုစ်ရဲ့ အပြောင်းအရွှေ့ အတွက် ကစားသမားနဲ့ရော ၊ နာပိုလီနဲ့ပါ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ထားကာ မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Team Talk

နာပိုလီကတော့ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဖေဘီယန် ရုစ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေပြီး ပီအက်စ်ဂျီကတော့ ဖေဘီယန် ရုစ်နဲ့ စာချုပ်ကိစ္စ အဆင်ပြေတာနဲ့ နာပိုလီထံ တရားဝင် ကမ်းလှမ်းမှု တရပ် လုပ်တော့မယ်လို့ နီးစပ်သူတွေက ပြောကြားထားကြပါတယ်။