ပရီးမီးယားလိဂ်ရဲ့နာမည်ကြီးအသင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းမှပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ရှက်ဖီးယူနိုက်တက်အသင်းဆီအငှားနဲ့သွားကစားနေတဲ့လူငယ်ဂိုးသမားလေးဟန်ဒါဆန်ဟာလက်ရှိဘောလုံးရာသီမှာပြသထားနိုင်ခဲ့တဲ့လက်စွမ်းတွေကြောင့်ဥရောပအသင်းကြီးတွေရဲ့စောင့်ကြည့်ခြင်းကိုခံလာရတယ်လို့သိရှိရပါတယ်။

Photo Credit: Metro.com

     အသက်၂၂နှစ်အရွယ်ဂိုးသမားလေးဟန်ဒါဆန်ဟာလက်ရှိဘောလုံးရာသီမှာရှက်ဖီးအသင်းအတွက်ပရီးမီးယားလိဂ်မှာ၂၅ပွဲအထိပါဝင်ကစားပေးထားကာ၉ပွဲပေးဂိုးမရှိအောင်စွမ်းဆောင်ပြထားသလိုပင်နယ်တီနှစ်လုံးကိုလဲပုတ်ထုတ်ကာကွယ်ထားနိုင်သူဖြစ်ပြီးအင်္ဂလန်လက်ရွေးစင်အသင်းအတွက်ယူရို၂၀၂၀ပြိုင်ပွဲမှာပါဝင်ခွင့်ရဖို့နီးစပ်နေသူလည်းဖြစ်ပါတယ်။

Photo Credit: Metro.com

     ပြင်သစ်သတင်းစာတွေရဲ့ဖော်ပြချက်အရလီဂူးဝမ်းပြိုင်ပွဲရဲ့အင်အားကြီးအသင်းဖြစ်တဲ့ပီအက်စ်ဂျီအသင်းဟာဟန်ဒါဆန်ကိုခေါ်ယူဖို့စိတ်ဝင်စားလာပြီးဟန်ဒါဆန်ကိုစောင့်ကြည့်ဖို့အသင်းရဲ့ကင်းထောက်တွေကိုစေလွှတ်ထားတယ်လို့သိရှိရပါတယ်။ဒါပေမယ့်ဟန်ဒါဆန်ကိုခေါ်ယူဖို့စောင့်ကြည့်နေတာဟာပီအက်စ်ဂျီတစ်သင်းတည်းမဟုတ်ဘူးလို့အင်္ဂလန်သတင်းမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

Photo Credit: Metro.com

      မန်ချက်စတာအခြေစိုက်သတင်းဌာနတွေရဲ့ဖော်ပြချက်အရဟန်ဒါဆန်ကိုခေါ်ယူဖို့အတွက်ပရီးမီးယားလိဂ်ရဲ့ထိပ်သီးအသင်းတွေဖြစ်တဲ့ချယ်လ်ဆီးအသင်းနဲ့စပါးအသင်းတို့ဟာလည်းစောင့်ကြည့်နေကြောင်းသိရပါတယ်။ဘောလုံးကျွမ်းကျင်သူတွေကတော့ဟန်ဒါဆန်ရဲ့လက်ရှိတန်ကြေးဟာပေါင်၄၀သန်းဝန်းကျင်ရှိတယ်လို့သုံးသပ်ထားကြပါတယ်။