ပီအက္စ္ဂ်ီအသင္းရဲ့ အားကစားဒါရိုက္တာ ျဖစ္သူ လီယိုနာဒိုက သတင္းေတြ ထြက္ေပၚေနတဲ့အတိုင္း သူတို႔အသင္းရဲ့ တိုက္စစ္မွူး ကာဗာနီဟာ အသင္းကေန ထြက္ခြာခြင့္ ေတာင္းထားေၾကာင္း တရားဝင္ ဖြင့္ဟေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Express.com

အသက္၃၂ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းရဲ့ သမိုင္းတစ္ေလၽွာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္ေနေပမယ့္ လက္ရွိေဘာလုံးရာသီမွာေတာ့ ပီအက္စ္ဂ်ီ အသင္းမွာ ေနရာမရပဲ အရန္ခုံကိုသာ ထိုင္ေနရသူပါ။ လက္ရွိမွာ ဒဏ္ရာျပႆနာတခ်ိဳ႕ရွိေနတဲ့ ကာဗာနီကို ပရီးမီးယားလိဂ္ ကလပ္ေတြ ျဖစ္တဲ့ ယူနိုက္တက္အသင္းနဲ႔ စပါးအသင္းတို႔က ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္ေနပါတယ္။

Photo Credit: Express.com

ပီအက္စ္ဂ်ီအသင္းဟာ အင္တာမီလန္ အသင္းကေန အငွားနဲ႔ ေရာက္ရွိေနတဲ့ အိုင္ကာဒီရဲ့ ေျခစြမ္းအေပၚ သေဘာက်ေနတာေၾကာင့္ လာမယ့္ ေႏြရာသီမွာ အၿပီးသတ္ ေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ကာဗာနီကိုေတာ့ အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ စဥ္းစားေနပါတယ္။

Photo Credit: Express.com

ကာဗာနီရဲ့ ေတာင္းဆိုမွုနဲ႔ပတ္သတ္ၿပီး လီယိုနာဒိုက ” ကာဗာနီဟာ ကၽြန္ေတာ္တို႔ကို အသင္းကေန ထြက္ခြာခြင့္ရမလားလို႔ ေမးခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ အေျခအေနကို ေလ့လာေနပါတယ္။ ကၽြန္ေတာ္တို႔ဟာ အက္သလက္တီကိုအသင္းရဲ့ ကမ္းလွမ္းမွုကို ရခဲ့ၿပီး ပယ္ခ်ခဲ့ပါတယ္။ ဘယ္လိုေတြျဖစ္လာမလဲဆိုတာ ကၽြန္ေတာ္တို႔ မသိေသးပါဘူး ” လို႔ ေျပာဆိုခဲ့ပါတယ္။

ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ လီယိုနာဒိုက သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း သူတို့အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းထားကြောင်း တရားဝင် ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

အသက်၃၂နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေပေမယ့် လက်ရှိဘောလုံးရာသီမှာတော့ ပီအက်စ်ဂျီ အသင်းမှာ နေရာမရပဲ အရန်ခုံကိုသာ ထိုင်နေရသူပါ။ လက်ရှိမှာ ဒဏ်ရာပြဿနာတချို့ရှိနေတဲ့ ကာဗာနီကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့က ခေါ်ယူဖို့အတွက် စောင့်ကြည့်နေပါတယ်။

Photo Credit: Express.com

ပီအက်စ်ဂျီအသင်းဟာ အင်တာမီလန် အသင်းကနေ အငှားနဲ့ ရောက်ရှိနေတဲ့ အိုင်ကာဒီရဲ့ ခြေစွမ်းအပေါ် သဘောကျနေတာကြောင့် လာမယ့် နွေရာသီမှာ အပြီးသတ် ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ကာဗာနီကိုတော့ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ စဉ်းစားနေပါတယ်။

Photo Credit: Express.com

ကာဗာနီရဲ့ တောင်းဆိုမှုနဲ့ပတ်သတ်ပြီး လီယိုနာဒိုက ” ကာဗာနီဟာ ကျွန်တော်တို့ကို အသင်းကနေ ထွက်ခွာခွင့်ရမလားလို့ မေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေကို လေ့လာနေပါတယ်။ ကျွန်တော်တို့ဟာ အက်သလက်တီကိုအသင်းရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပြီး ပယ်ချခဲ့ပါတယ်။ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။