ဒီနေ့သြဂုတ်လ(၁)ရက်နေ့ မနက်အစောပိုင်း (၁)နာရီ မိနစ်(၄၀)မှာ ရှံးထွက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပြင်သစ်လိဂ်ဖလားဗိုလ်လုပွဲကို စတိတ်ဒီဖရန့်ကွင်းအတွင်း ကျင်းပခဲ့ရာ နာမည်ကြီးလီဂူးအသင်းနှစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ လိုင်ယွန်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး မိနစ်ကိုးဆယ်အတွင်းမှာ အနိုင်အရှံး အဖြေမပေါ်ခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရာ ပီအက်စ်ဂျီအသင်းက အချိန်ပိုပင်နယ်တီမှာ (၆)ဂိုး(၅)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

Photo Credit : Getty Image

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြင်သစ်ဖလားဖိုင်နယ်မှာ စိန့်အက်တီယန်ကို အနိုင်ရပြီး ဗိုလ်စွဲထားခဲ့တဲ့ ပီအက်စ်ဂျီအသင်းက ဒေသတွင်းဖလား(၃)လုံးစလုံးကို အရယူသွားဖို့ အသေအချာပြင်ဆင်လာခဲ့ပြီး နေမာ အီကာဒီ ဒီမာရီယာ ဂေးယီ ဗာရက်တီ မာကွင်ဟို့စ် သီယာဂိုဆေးဗား ဘတ်ကာ ကင်ဘမ်ပေ ကာဇာဝါနဲ့ ကေလာနာဗက်ဇ်တို့ ပါဝင်လာပါတယ်။ လိုင်ယွန်ဘက်မှာလည်း ဒီပိုင်း ဒမ်ဘီလီ အာဝါ မာဆယ်လို လိုပက်စ်အစရှိတဲ့ အမာခံကစားသမားတွေ အစုံအလင် ပါဝင်လာပါတယ်။ ဖိုင်နယ်ပွဲဖြစ်လို့ နှစ်သင်းလုံး အသေအချာ ကြိုးစားအားထုတ်ကစားခဲ့ကြပြီး လိုင်ယွန်က ဂိုးကန်ချက်များသလောက် ဂိုးပေါက်တည့်မတ်မှုက နည်းပါးခဲ့ပြီး ပီအက်စ်ဂျီကတော့ ထိရောက်တဲ့ ဂိုးပေါက်တည့်ကန်ချက်တချို့ကို ပြုလုပ်နိုင်ခဲ့ပေမယ့် လိုင်ယွန်ဂိုးသမား လက်စွမ်းပြခဲ့လို့သာ မိနစ်ကိုးဆယ်အတွင်း ဂိုးမရှိသရေကျခဲ့သလို အချိန်ပို ဆက်ကစားရမှာလည်း သွင်းဂိုးမဲ့နေခဲ့ပါတယ်။

Photo Credit : Getty Image

အချိန်ပိုနောက်ဆုံးမိနစ်မှာ ဒီမာရီယာအပေါ် ကြမ်းတမ်းစွာ ဖြတ်ထုတ်မိခဲ့တဲ့ လိုင်ယွန်နောက်ခံလူရာဖေးလ် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပြီး ကစားသမားတစ်ယောက်လျော့သွားခဲ့ပေမယ့် သွင်းဂိုးတွေ ဆက်လက်မမြင်တွေ့ရလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာ နှစ်သင်းလုံးက ပင်နယ်တီဂိုးတွေကို ဝင်အော်င်ကန်သွင်းနိုင်ခဲ့ပြီး (၆)လုံးမြောက်ကန်ခဲ့ရတဲ့ အလှည်ရောက်မှ လိုင်ယွန်ဘက်က ထရာအိုရေးကန်သွင်းတာကို နာဗက်စ်ကာကွယ်နိ်ုင်ခဲ့ပြီး ပီအက်စ်ဂျီဘက်က ဆာရာဘီယာကန်သွင်းချက်မှာတော့ ဂိုးဝင်သွားခဲ့တဲ့အတွက် ပီအက်စ်ဂျီပဲ ဗိုလ်စွဲခဲ့ပါတယ်။