ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်တွေရဲ့ ဒုတိယအကျော့ ဒုတိယညပွဲ(၂)ပွဲဖြစ်သော လီဗာပူးလ်အသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ပွဲ ပီအက်စ်ဂျီအသင်းနဲ့ ဒေါ့မွန်အသင်းတို့ပွဲတွေ မနက်(၂)နာရီခွဲအချိန်မှာ တပြိုင်နက်တည်း ကျင်းပခဲ့တာဖြစ်ပြီးတော့ ပီအက်စ်ဂျီနဲ့ အသက်လက်တီကိုအသင်းတို့က ကွာတားဖိုင်နယ်အဆင့်ကို အသီးသီးတတ်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

လီဗာပူးလ်အသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ပွဲမှာတော့ နှစ်သင်းစလုံးက လူစုံတတ်စုံနီးပါးနဲ့ ရင်ဆိုင်လာခဲ့ပြီးတော့ ဂိုးသမားအယ်လီဆန်ကလွဲရင် ကျန်တဲ့နေရာစုံမှာ ကစားသမားအစုံအလင် ပါဝင်လာခဲ့တဲ့ အိမ်ရှင်လီဗာပူးလ်အသင်းက ဒီပွဲမှာ အသက်လက်တီကိုအသင်းဘက်ကို အတော်လေး ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့ပြီးတော့ ပထမပိုင်းပြီးခါနီးမှာပဲ ကွင်းလယ်လူဝိုင်နယ်ဒန်ရဲ့ခေါင်းတိုက်သွင်းဂိုး စတင်ဦးဆောင်ခွင့်ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ်ရဲ့ကြောက်ခမန်းလိလိ တိုက်စစ်ဆင်မှုတွေကိုသာ မြင်တွေ့ခဲ့ရပြီး ဂိုးတော့မရခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရကာ အချိန်ပိုပထမပိုင်းမှာ ဖာမီနိုက ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပေမယ့် လော်ရန်တေးက လီဗာပူးလ်ဂိုးသမားအက်ဒရီယန်ရဲ့အမှားကနေတစ်ဆင့် ပြန်လည်ချေပနိုင်ခဲ့ပြီး အချိန်ပိုပထမပိုင်း ပြီးခါနီးမှာလည်း လော်ရန်တေးကပဲ ဒုတိယမြောက်ချေပဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ အချိန်ပိုဒုတိယပိုင်းအတွင်းမှာလည်း လူစားဝင်တိုက်စစ်မှူးမိုရာတာက အနိုင်ဂိုးထပ်မံသွင်းယူခဲ့လို ၂ဂိုး၃ဂိုး(၂ကျော့ပေါင်းရလဒ် ၂ဂိုး ၄ဂိုး)နဲ့ အသက်လက်တီကိုကပဲ ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ပထမအကျော့ ဂျာမန်မြေမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဟာလန်းရဲ့သွင်းဂိုးတွေနဲ့ အရေးနိမ့်ခဲ့ရတဲ့ ပီအက်စ်ဂျီအသင်းကတော့ ပြင်သစ်မြေမှာ ပြန်လည်ကစားခဲ့ရတဲ့ ဒုတိယအကျော့ပွဲစဉ်အတွင်း ပထမပိုင်း ၄၅မိနစ်အတွင်းမှာပဲ နေမာ ဘားနတ်တို့ရဲ့သွင်းဂိုးတွေနဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပြီး အဲ့ဒီသွင်းဂိုးနဲ့ပဲ ဒုတိယပိုင်း ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။ ဧည့်သည်ဒေါ့မွန်ကလည်း အဝေးကွင်းဆိုပေမယ့် ပီအက်စ်ဂျီအသင်းကို အခက်တွေ့အောင် ပြန်ကစားနိုင်ခဲ့ပြီး ချေပဂိုးတွေ ပြန်လည်သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးတော့သွင်းယူနိုင်ခဲ့ခြင်းမရှိသလို ပွဲပြီးခါနီးမှာ အမ်မရီချန်ကလည်း အနီကတ်ပြထုတ်ပယ်ခံရတာကြောင့် ပီအက်စ်ဂျီကပဲ ၂ကျော့ပေါင်းရလဒ် ၃ဂိုး၂ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။