ပီအက်စ်ဂျီအသင်းက နွေဈေးကွက်ထဲမှာ ကစားသမား ခေါ်ယှုမှုတွေကို အထိုက်အလျောက် လုပ်ဆောင်ထားခဲ့ပေမယ့် လက်ရှိမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးခန့် ထပ်မံ ခေါ်ယူသွားချင်နေရာ မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖ်ို့ဒ်အပြင် အေစီမီလန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဖယ်လ်လီယာအိုကိုပါ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

PSG's Hugo Ekitike finally comments on his failed move to Newcastle

Photo Credit : Twitter

ပီအက်စ်ဂျီအသင်းဟာ ဒီဈေးကွက်ထဲမှာ ကွင်းလယ်ပိုင်းကို ဦးစားပေး ပြင်ဆင်ထားပြီး ပေါ်တူဂီ ကွင်းလယ်လူတွေဖြစ်တဲ့ ဗီတင်ညာနဲ့ ရီနာတိုဆန်းချက်စ်တို့ကို ခေါ်ယူထားခဲ့သလို ညာခြမ်းခံစစ်အတွက် မူခေလေကို ခေါ်ယူပြီး ဘယ်ခြမ်းအတွက် နူနိုမန်ဒက်စ်ကို အပြီးသတ် ခေါ်ယူဖြစ်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းအတွက်တော့ Reims ကနေ အက်ကီတိုက်ခ်ကို ခေါ်ယူထားခဲ့ပေမယ့် ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက တိုက်စစ်ကစားသမားတစ်ဦး ထပ်မံ ခေါ်ယူသွားဖို့ လိုအပ်တယ်လို့ ပြောဆိုထားခဲ့တာကြောင့် ဈေးကွက် မပိတ်ခင်မှာပဲ အသင်းဘက်က နောက်ထပ် တိုက်စစ်ကစားသမား တစ်ယောက်ခန့်လောက် ခေါ်ယူသွားဖွယ် ရှိနေရပါတယ်။

Image

Photo Credit : Twitter

မနေ့ညလောက်မှာပဲ ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ရပြီး ကစားသမားကိုယ်တိုင်ကလည်း ပီအက်စ်ဂျီကို ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြလာခဲ့ပေမယ့် ဒီအပြောင်းအရွှေ့က ထင်သလောက် မလွယ်ကူနိုင်သလို ယူနိုက်တက်ဘက်ကလည်း သူတို့ကစားသမားကို ရောင်းထုတ်ဖို့ စိတ်ကူးမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီလို အခြေအနေမှာ ပီအက်စ်ဂျီက ရပ်ရှ်ဖို့ဒ်အပြင် နောက်ထပ် တိုက်စစ်ကစားသမားဖြစ်တဲ့ အေစီမီလန် attacker-winger လီယာအိုကို ပစ်မှတ်ထားလာခဲ့ပြန်ပါတယ်။ ပေါ်တူဂီလက်ရွေးစင် တောင်ပံကစားသမား လီယာအိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မီလန်အသင်းနဲ့အတူ အတောက်ပဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး စီးရီးအေချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့သလို တစ်ရာသီအတွင်းမှာလည်း သွင်းဂိုး(၁၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မီလန်ဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမား လီယာအိုကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပေမယ့်လည်း ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀)လောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ဒီကမ်းလှမ်းမှုကို လက်ခံစဉ်းစားပေးဖွယ် ရှိနိုင်ပါတယ်။