ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ လက်ရှိရာသီ အကုန်မှာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်သွားဖို ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို AS သတင်းက ဖော်ပြသွားပြီး နေမာအနေနဲ့ လက်ရှိရာသီအကုန်မှာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်သွားနိုင်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိရာသီမှာ ပြင်သစ် လီးဂူးဝမ်း ဖလားကို ရရှိသွားခဲ့ပြီ ဖြစ်တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲကိုသာ အာရုံစိုက်သွားရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် (၁၆) သင်း ရှုးထွက် အဆင့်ပြိုင်ပွဲမှာ ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူးနေမာဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွေ့သွားခဲ့စဉ်က ပြောင်းရွေ့ကြေး ပေါင် (၂၂၂) သန်း ရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းက အရှုးခံပြီး တိုက်စစ်မှူး နေမာကို ပေါင် သန်း (၁၇၀) နဲ့ ပြန်ရာင်းချဖွယ် ရှိပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး နေမာကို ပေါင် သန်း (၁၇၀) ထက်နည်းပြီး ပြန်ခေါ်ယူနိုင်ဖိုအတွက် အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဂရစ်စမန်း ဒါမှမဟုတ် ဒမ်ဘီလီကို အလိုက်ပေးပြီး ပီအက်စ်ဂျီအသင်းကို ကမ်းလှမ်းသွားဖွယ် ရှိတယ်လို AS သတင်းက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ခုနှစ်က နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ နေမာကို ပြန်လည် ခေါ်ယူဖို ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ နေမာက ဘာစီလိုနာအသင်းကို ပြန်သွားဖို ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို သတင်း ထွက်လာပါတယ်။ ဘရာဇီး တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းကို ပြန်သွားချင်တာကြောင့် လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ဘာစီလိုနာအသင်းနဲ့ ချိတ်ဆက်နေခဲ့ပြီး ဘာစီလိုနာအသင်းကလည်း တိုက်စစ်ပိုင်းကို ပိုမို အားကောင်းစေချင်တာကြောင့် တိုက်စစ်မှူး နေမာကို ပြန်လည် ခေါ်ယူချင်တာ ဖြစ်ပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းမှာ ကစားခဲစဉ်က မက်ဆီ၊ ဆွာရက်စ်တိုနဲ့ တွဲကစားခဲ့ပြီး စပိန်နိုင်ငံက လာလီဂါ ပြိုင်ပွဲမှာ နောက်ခံကစားသမားတွေ ကြောက်ရတဲ့ တိုက်စစ်အတွဲကို ပုံဖော်ခဲ့ကြပါတယ်။