ပီအက္စ္ဂ်ီအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ ျပင္သစ္ လိဂ္ဖလား ကြာတား ဖိုင္နယ္ ပြဲစဥ္မွာေတာ့ (၁) ဦးေလွ်ာ့ စိန႔္အက္တီယန္အသင္းကို သက္ညႇာမႈ မရွိဘဲ (၆-၁) ရလဒ္နဲ႔ အႏိုင္ပိုင္းခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ပြဲကစားခ်ိန္ (၂) မိနစ္မွာတင္ အီကာဒီရဲ႕ သြင္းဂိုးနဲ႔ စတင္ ဦးေဆာင္ခဲ့ၿပီး ပြဲကစားခ်ိန္ (၃၁) မိနစ္မွာ စိန႔္အက္တီယန္ ေနာက္ခံလူ ဖိုဖန္နာက အနီကဒ္နဲ႔ အထုတ္ခံခဲ့ရပါတယ္။

Photo Credit: Allfootball

ဖိုဖန္နာဟာ ပြဲခ်ိန္ (၁၃) မိနစ္မွာ အမ္ဘာေပရဲ႕ ေပးပို႔မႈကို လက္နဲ႔ ထိခဲ့လို႔ အဝါကဒ္ အျပခံရၿပီး ပြဲခ်ိန္ (၃၁) မိနစ္မွာ ဒီမာရီယာကို လဲွခ်ခဲ့လို႔ အဝါကဒ္ ထပ္ထိခဲ့တာေၾကာင့္ (၂) ဝါ၊ (၁) နီနဲ႔ အထုတ္ခံခဲ့ရပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ (၁) ဦးေလွ်ာ့ စိန႔္အက္တီယန္အသင္းနဲ႔ ဆက္ကစားခဲ့ရၿပီး ကစားကြက္ အသားစီး စိုးမိုးလာရင္းနဲ႔ ပြဲခ်ိန္ (၃၉) မိနစ္မွာ ေနမာက ဒုတိယေျမာက္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။

Photo Credit: Allfootball

ပီအက္စ္ဂ်ီအသင္းဟာ ပထမပိုင္း ၿပီးခါနီး (၄၄) မိနစ္မွာ စိန႔္အက္တီယက္ ဂိုးသမား ေမာ္လင္က ကိုယ့္ဂိုးကိုယ္ သြင္းယူခဲ့တာေၾကာင့္ ပထမပိုင္းမွာ (၃-ဝ) ရလဒ္နဲ႔ အႏိုင္ရၿပီး ေခတၱနားခဲ့ၾကပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ဒုတိယပိုင္းအစ (၄၉) မိနစ္ နဲ႔ (၅၇) မိနစ္မွာ အီကာဒီရဲ႕ သြင္းဂိုး (၂) ဂိုးကို ထပ္မံရရွိခဲ့ၿပီး အီကာဒီကေတာ့ သြင္းဂိုး (၃) ဂိုးနဲ႔ ဟက္ထရစ္ ရယူသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Allfootball

ပီအက္စ္ဂ်ီအသင္းဟာ ဒုတိယပိုင္း (၆၇) မိနစ္မွာ အမ္ဘာေပရဲ႕ သြင္းဂိုးကို ထပ္မံရရွိခဲ့တာေၾကာင့္ (၆-ဝ) နဲ႔ ဦးေဆာင္ေနခဲ့ၿပီး ပြဲခ်ိန္ (၇၁) မိနစ္မွာ ေခ်ပဂိုး (၁) ဂိုး ျပန္လည္ ခြင့္ျပဳေပးခဲ့ရပါတယ္။ စိန႔္အက္တီယန္ ကြင္းလယ္လူ ကာဘာယီဟာ ပြဲခ်ိန္ (၇၁) မိနစ္မွာ ႏွစ္သိမ့္ဂိုး သြင္းယူႏိုင္ခဲ့ေပမဲ့ (၆-၁) နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းက ျပင္သစ္ ဖလား ဆီးမီး ဖိုင္နယ္ကို တက္သြားခဲ့ပါတယ္။

{Unicode}

ပီအက်စ်ဂျီအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ် လိဂ်ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ (၁) ဦးလျှော့ စိန့်အက်တီယန်အသင်းကို သက်ညှာမှု မရှိဘဲ (၆-၁) ရလဒ်နဲ့ အနိုင်ပိုင်းခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပွဲကစားချိန် (၂) မိနစ်မှာတင် အီကာဒီရဲ့ သွင်းဂိုးနဲ့ စတင် ဦးဆောင်ခဲ့ပြီး ပွဲကစားချိန် (၃၁) မိနစ်မှာ စိန့်အက်တီယန် နောက်ခံလူ ဖိုဖန်နာက အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

Photo Credit: Allfootball

ဖိုဖန်နာဟာ ပွဲချိန် (၁၃) မိနစ်မှာ အမ်ဘာပေရဲ့ ပေးပို့မှုကို လက်နဲ့ ထိခဲ့လို့ အဝါကဒ် အပြခံရပြီး ပွဲချိန် (၃၁) မိနစ်မှာ ဒီမာရီယာကို လဲှချခဲ့လို့ အဝါကဒ် ထပ်ထိခဲ့တာကြောင့် (၂) ဝါ၊ (၁) နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ (၁) ဦးလျှော့ စိန့်အက်တီယန်အသင်းနဲ့ ဆက်ကစားခဲ့ရပြီး ကစားကွက် အသားစီး စိုးမိုးလာရင်းနဲ့ ပွဲချိန် (၃၉) မိနစ်မှာ နေမာက ဒုတိယမြောက်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

Photo Credit: Allfootball

ပီအက်စ်ဂျီအသင်းဟာ ပထမပိုင်း ပြီးခါနီး (၄၄) မိနစ်မှာ စိန့်အက်တီယက် ဂိုးသမား မော်လင်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ (၃-ဝ) ရလဒ်နဲ့ အနိုင်ရပြီး ခေတ္တနားခဲ့ကြပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒုတိယပိုင်းအစ (၄၉) မိနစ် နဲ့ (၅၇) မိနစ်မှာ အီကာဒီရဲ့ သွင်းဂိုး (၂) ဂိုးကို ထပ်မံရရှိခဲ့ပြီး အီကာဒီကတော့ သွင်းဂိုး (၃) ဂိုးနဲ့ ဟက်ထရစ် ရယူသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Allfootball

ပီအက်စ်ဂျီအသင်းဟာ ဒုတိယပိုင်း (၆၇) မိနစ်မှာ အမ်ဘာပေရဲ့ သွင်းဂိုးကို ထပ်မံရရှိခဲ့တာကြောင့် (၆-ဝ) နဲ့ ဦးဆောင်နေခဲ့ပြီး ပွဲချိန် (၇၁) မိနစ်မှာ ချေပဂိုး (၁) ဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။ စိန့်အက်တီယန် ကွင်းလယ်လူ ကာဘာယီဟာ ပွဲချိန် (၇၁) မိနစ်မှာ နှစ်သိမ့်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ (၆-၁) နဲ့ ရှုံးနိမ့်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက ပြင်သစ် ဖလား ဆီးမီး ဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။