မကြာသေးခင် ရက်ပိုင်းအတွင်းကမှ အက်စတွန်ဗီလာအသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ စတီဗင်ဂျရတ်ဟာ ဗီလာအသင်းအတွက်တော့ ပြသာနာတစ်ခုလိုပဲလို့ ဘောလုံးပရိသတ်တွေက တွစ်တာလူမှုကွန်ယက်ပေါ်ကနေ ဝေဖန် ရေးသားမှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။

The game came just days after Steven Gerrard's dismissal as head coach on Thursday night

Photo Credit : Daily Mail

အသက်(၄၂)အရွယ်ရှိ လီဗာပူးလ် ဂန္တဝင်ကစားသမားဟောင်းကြီး ဂျရတ်ဟာ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းကို ကိုင်တွယ်နေရာကနေ ၂၀၂၁ခုနှစ် နိုဝင်ဘာမှာပဲ ဗီလာနည်းပြရာထူးကနေ လက်ခံလိုက်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲထဲကို နည်းပြတစ်ဦးအနေနဲ့ တစ်ကျော့ပြန် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဗီလာနည်းပြအဖြစ် တစ်နှစ်မပြည့်သေးခင်မှာပဲ ဂျရတ်ဟာ ဗီလာနည်းပြ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီး ဗီလာကလည်း ဂျရတ်ကို ထုတ်ပယ်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ကစားခဲ့ရတဲ့ ပွဲစဉ်မှာပဲ ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ်နဲ့ပါ အနိုင်ရသွားခဲ့ပါတယ်။

Gerrad was dismissed after only managing to take 32 points from 31 matches in 2022

Photo Credit : Daily Mail

ဗီလာဟာ ဘရန့်ဖို့ဒ်နဲ့ မတိုင်ခင်က (၁၁)ပွဲ ကစားခဲ့ရာမှာ (၂)ပွဲသာ အနိုင်ရခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ခဲ့တာကြောင့် အသင်းဘက်က ဂျရတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ ဂျရတ်ကို ထုတ်ပယ်ပြီး (၃)ရက်အကြာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ချိန်မှာတော့ ဗီလာဟာ ပထမပိုင်း (၄၅)မိနစ်မှာပဲ (၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပွဲအပြီးမှာ (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်ကို အနိုင်ရသွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေက တွစ်တာစာမျက်နှာပေါ်ကနေ “ဗီလာက ဂျရတ်ကို အရူးတစ်ယောက်ဖြစ်အောင် လုပ်လိုက်တာပဲ။ (၁၅)မိနစ်အတွင်းကို (၃)ဂိုးသွင်းတယ်ဆိုတော့” “စတီဗင်ဂျရတ်က ဘယ်တော့မှ ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်းကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးဆိုတာ သက်သေပြလိုက်သလိုပါပဲ” “ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် စတီဗင်ဂျရတ်က ပြသာနာ ဖြစ်ခဲ့ပါတယ်” လို့ ရေးသားခဲ့ကြသလို “ဂျရတ်မပါဝင်တဲ့ ဗီလာအသင်းဆိုပြီး” မက်ဆီ ဇာဗီ အင်နီယေစတာ ဒေးဗစ်ဗီလာတို့ ပါဝင်နေတဲ့ ဘာစီလိုနာအသင်းရဲ့ ဓါတ်ပုံတစ်ပုံနဲ့ပါ ပူးတွဲ ဖော်ပြခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဗီလာအသင်းဟာ နည်းပြသစ်တစ်ဦး ခန့်အပ်နိုင်ဖို့အတွက် ဆောင်ရွက်နေပြီး ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်ကို ချိတ်ဆက်ခဲ့ရမှာတော့ တူဟယ်လ်က ပယ်ချထားခဲ့ပါတယ်။