နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ လာမယ့် နွေရာသီ ဈေးကွက် အတွင်းမှာ ငွေကြေး အများအပြား သုံးစွဲကာ ကြယ်စင်စု စီမံကိန်း တစ်ခုကို ပြုလုပ်ဖို့ ကြိုးစားနေကြောင်း ဥရောပ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ လူအင်အားဟာ အတော်လေး တောင့်တင်းမှု ရှိနေပြီး ရှေ့တန်းမှာ နာမည်ကြီး ဝါရင့် တိုက်စစ်မှူး ကာဗာနီ ၊ နာမည်ကြီး လူငယ် တိုက်စစ်မှူးတေွ ဖြစ်တဲ့ ရက်ဖို့ဒ် ၊ မာရှယ်တို့ ရှိနေကာ ကွင်းလယ်ပိုင်းမှာလည်း ပေါ့ဘာ ၊ ဖာနန်ဒက် ၊ ဗန်ဒီဘိခ် ၊ မာတစ်တို့ ရှိနေကြသလို ခံစစ်ပိုင်းမှာလည်း အားရကျေနပ်ဖို့ ကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။

Photo Credit: The Athletic

ဒါပေမယ့် မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကစားသမား အင်အားကို အားရကျေနပ်ခြင်း မရှိသေးပဲ ဂျာမန် ဘွန်ဒက်လီဂါ အသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် ခြေတက် ကစားသမားတွေ ဖြစ်တဲ့ ဟာလန်းနဲ့ ဆန်ချိုတို့ နှစ်ဉီးကို ခေါ်ယူဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းထောက် တစ်ဉီးဖြစ်တဲ့ လော်ရန်ဝှိုက်က ဆိုသွားပါတယ်။ လော်ရန်ဝှိုက်ရဲ့ အဆိုအရ မန်ယူအသင်းဟာ လက်ရှိမှာ ဝါရင့် တိုက်စစ်မှူး ကာဗာနီကို အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် ဖြစ်တဲ့ နံပါတ်၇ကို ပေးအပ် ထားပေမယ့် ဆန်ချိုကို ခေါ်ယူမယ့် စီမံကိန်းအား ဖျက်သိမ်းခြင်း မပြုသေးသလို Project7 လို့ အမည်ပေးထားတဲ့ စီမံကိန်း တစ်ခုကို ဖော်ဆောင်ဖို့ ကြိုးစားနေပြီး အဆိုပါ စီမံကိန်းအရ မန်ယူအသင်းဟာ ဆန်ချိုနဲ့ ဆန်ချိုရဲ့ ဒေါ့မွန်အသင်းဖော် ဖြစ်တဲ့ ဟာလန်းတို့ကို တစ်ပြိုင်နက်ထဲ ခေါ်ယူမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: The Athletic

The Athletic သတင်းဌာနရဲ့ အဆိုအရ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ဆန်ချိုနဲ့ ဟာလန်းတို့ကို မန်ယူအသင်းထံ ပြောင်းရွှေ့လာအောင် စည်းရုံးနိုင်မယ်လို့ ယုံကြည်မှု ရှိနေပြီး ကစားသမား နှစ်ဦးစလုံးဟာလည်း မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိကြောင်း သိရပါတယ်။ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဆန်ချိုကို မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိလာအောင် စည်းရုံးနိုင်ခဲ့သလို ဟာလန်းတစ်ယောက် ဒေါ့မွန်အသင်းထံ မရောက်မီမှာလည်း ဟာလန်းကို မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာအောင် သိမ်သွင်းနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဆိုးလ်ရှားက ယခုတစ်ကြိမ်မှာလည်း ဆန်ချိုနဲ့ ဟာလန်းကို မန်ယူအသင်းထံ ပြောင်းရွှေ့လာအောင် စည်းရုံးနိုင်မယ်လို့ ယုံကြည်နေပြီး မန်ယူအသင်းဟာ ဆန်ချိုနဲ့ဟာလန်းကို ရရှိဖို့ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်းခန့် သုံးစွဲရမယ်လို့ လော်ရန်ဝှိုက်က သုံးသပ် ထားခဲ့ပါတယ်။