၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂) စတုတ္ထနေ့ပွဲစဉ်တွေထဲကမှ ညနေ(၄)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ဆာဘီးယားအသင်းနဲ့ ကင်မရွန်းအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Preview: Cameroon vs. Serbia - prediction, team news, lineups - Sports Mole

Photo Credit : Sports Mole

ဆာဘီးယားက ခြေစစ်ပွဲတွေမှာ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားပြီး ပထမနေရာနဲ့ ကမ္ဘာ့ဖလားကို တတ်လှမ်းနိုင်ခဲ့ရပေမယ့် အဖွင့်ပွဲမှာ ဘရာဇီးလ်နဲ့ ဆုံတွေ့ရင်း ဒုတိယပိုင်း ဂိုးတွေနဲ့ အရှုံးပေးခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ ဆာဘီးယားက အားကောင်းလွန်းလှတဲ့ ဘရာဇီးလ်တိုက်စစ်ကို ခံကစားနေရတာနဲ့ပဲ အချိန်ကုန်ခဲ့ရပြီး ထိရောက်တဲ့ တိုက်စစ်ပြန်ဆင်မှုတောင် မရှိခဲ့ရပါဘူး။ ဒါပေမယ့် အခု ကင်မရွန်းနဲ့ပွဲကတော့ ဆာဘီးယားအတွက် အုပ်စုတတ်ရေး must win game ဖြစ်နေတာမို့ အမှားခံလို့ မဖြစ်တော့ပဲ အနိုင်ရအောင် ကစားရပါတော့မယ်။

Cameroon vs Serbia - World Cup: Team news, lineups & prediction

Photo Credit : 90Min

ကင်မရွန်းကလည်း ဆာဘီးယားလိုပဲ အဖွင့်ပွဲမှာ ဆွစ်ဇာလန်ကို ရှုံးထားခဲ့ပြီး တာထွက်ဆိုးထားခဲ့ပါတယ်။ ဒါပေမယ့် ဆွစ်ကို ခြေရည်တူ ကစားနိုင်ခဲ့ပြီး ပုံစံကောင်းလည်း ပြထားနိုင်ခဲ့ပါတယ်။ အမ်ဘိုလိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့်သာ ကပ်ရှုံးခဲ့ရပေမယ့် ကင်မရွန်းက ဆွစ်ဘက်ကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့တာကြောင့် အခုလည်း နောက်ထပ် ဥရောပအသင်း ဆာဘီးယားကို အလားတူပုံစံမျိုးနဲ့ ကစားသွားဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Sporting News

ရှုံးပွဲကိုယ်စီ တွေ့ထားခဲ့တဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက် ဆုံတွေ့မှုက အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုပွဲမှာ ထပ်ရှံးလိုက်မယ့် အသင်းအနေနဲ့ အုပ်စုအဆင့်နဲ့ ကျေနပ်ရတော့မယ့် အခြေအနေမျိုး ရှိလာမှာဖြစ်လို့ နှစ်သင်းလုံး နိုင်ပွဲရဖို့အတွက် အားကုန်ထုတ်လာနိုင်ပါတယ်။ အကြိတ်အနယ် အားပြိုင်မှုက သရေပွဲဆီကို ဦးတည်လာနိုင်သလို ဂိုးအနည်းလည်း ဖြစ်နိုင်ပြီး ဆာဘီးယားကို ပိုပြီး သဘောကျမိပါတယ်။