MySport Myanmar

ယူကရိန်းနဲ့ ပတ်သက်ပြီး ဂျာစီချွတ် အောင်ပွဲခံသူတွေကို အဝါကတ်မပြဖို့ ပရီးမီးယားလိဂ်ဘက်က ညွှန်ကြား

ကွင်းလယ်ဒိုင်လူကြီးတွေအနေနဲ့ လက်ရှိ ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ ရုရှားတို့ရဲ့ ယူကရိန်းနိုင်ငံအတွင်း ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ဘောလုံးသမားတွေဘက်ကနေ ဂိုးတွေသွင်းယူပြီးနောက် ကျူးကျော်တိုက်ခိုက်ခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် ဆုတောင်းမှုတွေနဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် ဆုတောင်းမှုတွေကို ပြသဖို့ ဂျာစီချွတ် အောင်ပွဲခံတဲ့ အခိုက်အတန့်မျိုးမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း အဝါကတ်ပြသမှုတွေ မလုပ်ဆောင်ဖို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဘက်ကနေ ညွှန်းကြားသွားခဲ့ပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အက်စတွန်ဗီလာအသင်းရဲ့ ချက်နောက်ခံအစွန်လူ မတ်သီကတ်ရှ်ဟာ ဘရိုက်တန်အသင်းဘက်ကို ဂိုးသွင်းယူပြီးနောက် သူရဲ့ဗီလာဂျာစီကိုချွတ်ပြီး ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းမှာ ပါဝင်ကစားနေတဲ့ ပိုလန်းအသင်းဖော် ကစားသမား ကတ်ဒ်ဂျော်ဒါနဲ့ သူရဲ့မိသားစုဝင်တွေအတွက် ဆုတောင်းစကား ရေးသားထားတဲ့ အောက်ခံအကျိင်္ကို ပြသခဲ့ရာမှာ ဘောလုံးစည်းမျဉ်း ဥပဒေအတိုင်း ကွင်းလယ်ဒိုင်က ဂျာစီချွတ်ခဲ့တဲ့ မတ်သီကတ်ရှ်ကို အဝါကတ်ပြသသွားခဲ့ပါတယ်။

Photo Credit : The Sun

ဒါပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကြီးအကဲတွေကတော့ ဘောလုံးသမားတွေဘက်ကနေ ယူကရိန်းနိုင်ငံအတွက် အားပေးမှု ပြုလုပ်မှုတိုင်းအတွက် ပြစ်ဒဏ်သတ်မှတ်တာမျိုးတွေကို ထပ်ပြီးမလုပ်ဆောင်သွားဖို့ ပရီးမီးယားလိဂ်က ဒိုင်လူကြီးတွေကို ညွှန်ကြားချက် ထုတ်ပြန်လာခဲ့ပါတယ်။ ကွင်းလယ်ဒိုင်တွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စဆိုးကြီးနဲ့ပတ်သက်ပြီး ဘောလုံးသမားတွေဘက်ကနေ ထုတ်ဖော်ပြသမှုတွေအပေါ် နားလည်ပေးနိုင်ဖို့နဲ့ စာနာပေးဖို့ ပြိုင်ပွဲတာဝန်ရှိသူများက ညွှန်ကြားထားတယ်လို့လည်း Daily Mail ကနေ ဖော်ပြထားပါတယ်။ ဒီလို အခြေအနေကြောင့် မတ်သီကတ်ရှ်လည်း သူရဲ့အဝါကတ်ပြစ်ဒဏ်ကနေ ပယ်ဖျက်ခံလိုက်ရပြီဖြစ်သလို လာမယ့်ပွဲစဉ်တွေမှာလည်း ကစားသမားတွေအနေနဲ့ သူတို့တွေလည်း ယူကရိန်းနိုင်ငံ နိုင်ငံသားတွေနဲ့အတူ တည်ရှိနေကြောင်း ဆိုတာတွေကို ထပ်မံ ထုတ်ဖော်လာနိုင်ဖွယ် ရှိပါတယ်။

Exit mobile version