ဘောလုံးကျွမ်းကျင်မှု အချက်အလက်တွေအပေါ်မှာ အခြေခံလို့ထားတဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမား(၁၁)ယောက် (တစ်နှစ်တာအကောင်းဆုံးအသင်း)ကိုတော့ WhoScored(WS) ကနေ ရွေးချယ်သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Stats တွေအပေါ်မှာ အခြေခံထားတာဖြစ်လို့ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားတချို့ ဒါမှမဟုတ် အရမ်းကောင်းပါတယ်လို့ ယူဆခံခဲ့ရတဲ့ ကစားသမားတချို့ကတော့ ဒီလူစာရင်းထဲမှာ ပါဝင်လာမှာမဟုတ်တာကို ကြိုတင်ပြောပြထားချင်ပါတယ်။

Photo Credit : Sky Sports

Stats တွေရဲ့အပေါ်မှာ အခြေခံထားတဲ့ ပရီးမီးယားလိဂ်ရဲ့ Team of the Year ကိုတော့ (၄-၄-၂)ပုံစံနဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီး ဂိုးသမားနေရာမှာတော့ အက်စတွန်ဗီလာက မာတီနက်ဇ်ကို ရွေးချယ်ထားပါတယ်။ သူက ဗီလာမှာ လက်စွမ်းကောင်းတွေ ပြသနေသလို အသင်းဟောင်း အာဆင်နယ်နဲ့လည်း အက်အေဖလားကို ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ နောက်တန်း(၄)ယောက်နေရာမှာတော့ အဲဗာတန်က ဒစ်ဂ်နေး ဆောက်သမ်တန်က ဗာစတာဂတ်ဒ် ဘန်လေက တာကောစကီးနဲ့ မန်စီးတီးက ကန်ဆယ်လိုတို့ကို အသီးသီးရွေးချယ်ထားပါတယ်။

Photo Credit : Transfemarket

ကန်ဆယ်လိုကတော့ အာနိုး ရီးစ်ဂျိမ်းစ်တို့ထက် ကျော်လွန်ပြီး WS Points (၇.၃၃)အထိကို ရရှိခဲ့လို နောက်ထပ်ခံစစ်အစွန်လူဖြစ်တဲ့ ဒစ်ဂ်နေးကလည်း (၇.၂)နဲ့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ တာကောစကီးနဲ့ ှဗာစတာဂတ်ဒ်တို့ကလည်း ဗန်ဒိုက် သီယာဂိုဆေးဗားတို့ကို ကျော်ဖြတ်ပြီး (၇.၁၄)မှတ်နဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ ကွင်းလယ်(၄)ယောက်တန်းမှာကတော့ ဗီလာအသင်းခေါင်းဆောင် ဂရီးလစ် ယူနိုက်တက်အဓိကကြယ်ပွင့် ဖာနန်ဒက်စ် မန်စီးတီးရဲ့ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနဲ့ လီဗာပူးလ်ရဲ့တောင်ပံဝကြယ်ပွင့် မာနေးတို့က အသီးသီးရွေးချယ်ခံခဲ့ရပါတယ်။ ခံစစ်ပိုင်း ရွေးချယ်မှုက မေးခွန်းထုတ်စရာ ရှိနိုင်တယ်လို့ ဆိုနိုင်ပေမယ့်လည်း ကွင်းလယ်ပိုင်းရွေးချယ်မှုကိုတော့ အားလုံးစိတ်တိုင်းကျလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ တိုက်စစ်ပိုင်းမှာတော့ လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာနဲ့ စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဟယ်ရီကိန်းတို့ကို ရွေးချယ်ထားခဲ့ပါတယ်။ ဒီကစားသမား(၁၁)ယောက်ထဲမှာ WhoScored ရဲ့ ပျမ်းမျှအမှတ်အများဆုံး ကစားသမားကတော့ မန်စီးတီးအသင်းရဲ့ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းဖြစ်ပြီးတော့ ရမှတ်(၇.၇၂)မှတ်အထိကို ပိုင်ဆိုင်ခဲ့သလို သူရဲ့နောက် ဒုတိယနေရာမှာတော့ ယူနိုက်တက်ရဲ့ ဘရူနိုဖာနန်ဒက်စ်က (၇.၆၈)မှတ်နဲ့ ရပ်တည်လို့နေပါတယ်။