Dailymail သတင်းကတော့ ပရီးမီးယားလိဂ် အသင်းတွေဟာ မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ဝင်ရောက် ကစားခွင့် မပြုဖို့ ခုံသမာဓိရုံး (Court of Arbitration) ကို တောင်းဆိုခဲ့ကြပါတယ်လို့ ဖော်ပြခဲ့ပြီး မန်စီးတီးအသင်းက ချန်ပီယံလိဂ် ကစားခွင့် ပိတ်ပင်ခံရတာကို အယူခံဝင်နေဆဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်း (Financial Fair Play Rules/FFP) ကို ချိုးဖောက်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ရောက် ကစားခွင့် (၂) နှစ်ကြာအထိ ပိတ်ပင်ခံခဲ့ရပြီး လက်ရှိမှာ ချန်ပီယံလိဂ် ကစားခွင့် ပိတ်ပင်ခံရတာကို ပယ်ဖျက်ပေးဖို့ အယူခံဝင်နေလျက်ပါပဲ။

Photo Credit: DailyMail

DailyMail သတင်းက ပရီးမီးယားလိဂ် ထိပ်သီး (၁၀) သင်းတွေထဲက ရှက်ဖီးလ်အသင်းကလွဲရင် ကျန်တဲ့ အသင်း (၉) သင်းဟာ မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ဝင်ရောက် ကစားခွင့် မပြုဖို့ အတွက် ခုံသမားဓိရုံးကို တောင်းဆိုခဲ့တယ်လို့ အခိုင်အမာ ဖော်ပြပေးသွားခဲ့တာ ဖြစ်ပါတယ်။ ကြီး (၆) ကြီးအသင်းတွေ ဖြစ်ကြတဲ့ လီဗာပူးလ်အသင်း၊ မန်ယူအသင်း၊ အာဆင်နယ်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ခုံသမာဓိရုံးကို ပို့ဖို့အတွက် သီးခြား စာစောင် ရေးခဲ့ကြတာ ဖြစ်ပြီး မန်စီးတီးအသင်းအနေနဲ့ အခုလို လုပ်ရပ်အပေါ် ဘာမှ ပြန်မချေပခဲ့ပါဘူးလို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Dailymail

မန်စီးတီးအသင်းဟာ ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်းထဲက အချက်တွေကို ချိုးဖောက်ခဲ့တဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီအက်ဖ်အေ) က မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ဝင်ရောက် ကစားခွင့် ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီအက်ဖ်အေ) ဟာ မန်စီးတီးအသင်းကို ဒဏ်ငွေ ပေါင် (၂၅) သန်း ချမှတ်ခဲ့ပြီး မန်စီးတီးအသင်းက ယူအီအက်ဖ်အေကို ပြန်လည် ဖြေရှင်းချက် ပေးခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ယူအီအက်ဖ်အေကို ဘာအမှားမှ မပြုလုပ်ခဲ့ပါဘူးလို့ ဖြေရှင်းခဲ့သလို သူတို့ အနေနဲ့ မယူခံဝင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး တကယ်လည်း အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ (— အခုသတင်းကို Dailymail သတင်းမှာ မှီးငြိမ်း ကိုးကားပြီး ဖော်ပြထားတာ ဖြစ်ပါတယ်…)