ချန်ပီယံလိဂ် ယူရိုပါလိဂ် ကွန်းဖရန့်လိဂ် အစရှိတဲ့ ဥရောပ ဘောလုံးပြိုင်ပွဲကြီးတွေ (၃)ခုလုံးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဥရောပ ကလပ်အသင်းတွေ ခွဲတမ်းချပေးရာမှာ အင်္ဂလန် အခြေစိုက်ဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ချန်ပီယံလိဂ်အတွက် (၄)နေရာ ယူရိုပါလိဂ်အတွက် (၂)နေရာနဲ့ ကွန်းဖရန့်လိဂ်အတွက် (၁)နေရာ စုစုပေါင်း (၇)နေရာ ရရှိထားတယ် ဆိုပေမယ့်လည်း လာမယ့် ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအနေနဲ့ ဥရောပပြိုင်ပွဲတွေအတွက် (၉)နေရာလောက်ထိ စံချိန်တင် ပါဝင်ဆင်နွဲရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ပုံမှန်အရ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ဥရောပဝင်ခွင့်
ချန်ပီယံလိဂ် – အဆင့်(၁/၂/၃/၄)
ယူရိုပါလိဂ် – အက်အေဖလားချန်ပီယံ/အဆင့်(၅)
ကွန်းဖရန်လိဂ် – လိဂ်ဖလားချန်ပီယံ

လက်ရှိမှာ လိဂ်ဖလားကို Top 4 ထဲမှာ ရှိနေတဲ့ လီဗာပူးလ်က ဗိုလ်စွဲထားပြီး အက်အေဖလားကိုလည်း လီဗာပူးလ်နဲ့ Top 4 နေရာအတွက် သေချာသလောက် ဖြစ်နေရတဲ့ ချယ်လ်ဆီးက ဗိုလ်စွဲမယ်ဆိုရင်
ချန်ပီယံလိဂ် – အဆင့်(၁/၂/၃/၄)
ယူရိုပါလိဂ် -အဆင့်(၅/၆)
ကွန်းဖရန်လိဂ် – အဆင့်(၇)

ဝက်စ်ဟမ်းက ယူရိုပါလိဂ်မှာ ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်မှာလည်း Top 6 ထဲ ရှိနေမယ်ဆိုရင်
ချန်ပီယံလိဂ် – အဆင့်(၁/၂/၃/၄) ဝက်စ်ဟမ်း
ယူရိုပါလိဂ် -အဆင့်(၅) ဒါမှမဟုတ် အဆင့်(၆)
ကွန်းဖရန်လိဂ် – အဆင့်(၇)

Photo Credit : The Sun

ဝက်စ်ဟမ်းက ယူရိုပါလိဂ်မှာ ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်မှာ အဆင့်(၇) ဖြစ်နေမယ်ဆိုရင်
ချန်ပီယံလိဂ် – အဆင့်(၁/၂/၃/၄) ဝက်စ်ဟမ်း
ယူရိုပါလိဂ် -အဆင့်(၅/၆)
ကွန်းဖရန်လိဂ် – ဝင်ခွင့်ရမယ့်အသင်းမရှိ

ဝက်စ်ဟမ်းက ယူရိုပါလိဂ်မှာ ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်မှာ အဆင့်(၇)အောက် ဖြစ်နေမယ်ဆိုရင်
ချန်ပီယံလိဂ် – အဆင့်(၁/၂/၃/၄) ဝက်စ်ဟမ်း
ယူရိုပါလိဂ် -အဆင့်(၅/၆)
ကွန်းဖရန်လိဂ် – အဆင့်(၇)

လက်စတာက ကွန်းဖရန့်မှာ ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်မှာ အဆင့်(၇)အောက် ရောက်နေကာ ဝက်စ်ဟမ်းက ယူရိုပါလိဂ်မှာ ဗိုလ်မစွဲခဲ့ဘူးဆိုရင်
ချန်ပီယံလိဂ် – အဆင့်(၁/၂/၃/၄)
ယူရိုပါလိဂ် -အဆင့်(၅/၆) လက်စတာ
ကွန်းဖရန်လိဂ် – အဆင့်(၇)

ဝက်စ်ဟမ်းရော လက်စတာပါ ပြိုင်ပွဲနှစ်ခုလုံးမှာ ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်မှာလည်း Top 7 အောက် ဖြစ်နေမယ်ဆိုရင်
ချန်ပီယံလိဂ် – အဆင့်(၁/၂/၃/၄) ဝက်စ်ဟမ်း
ယူရိုပါလိဂ် -အဆင့်(၅/၆) လက်စတာ
ကွန်းဖရန်လိဂ် – အဆင့်(၇)