အခုအခ်ိန္က ၂၀၂၀ခုႏွစ္ ဇန္နဝါရီလ ၁၀ရက္ေန႔ကုိ ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ၿပီးခဲ႔တဲ႔ ဒီဇင္ဘာလအတြက္ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးနည္းျပဆု ကစားသမားဆုနဲ႔ အေကာင္းဆုံးသြင္းဂုိးဆုေတြကုိ ေရြးခ်ယ္ဖုိ႔ အခ်ိန္တန္လာခဲ႔ၿပီျဖစ္တာေၾကာင့္ ၿပီးခဲ႔တဲ႔လမွာ အသင္းေတြအတြက္ အေကာင္းဆုံးစြမ္းေဆာင္ခဲ႔ၾကတဲ႔ ေဘာလုံးနည္းျပ ေဘာလုံးသမားေတြထဲကမွ လီဗာပူးလ္အသင္းရဲ႕နည္းျပ ယာဂင္ကေလာ့ လီဗာပူးလ္ညာေနာက္ခံလူ အာႏုိးနဲ႔ စပါးအသင္းရဲ႕ေတာင္ပံတုိက္စစ္ကစားသမား ဆြန္ေဟာင္မင္တုိ႔ကုိ ေရြးခ်ယ္ခဲ႔တယ္လုိ႔ သိရွိရပါတယ္။

Photo Credit : LiverpoolFC

လက္ရွိ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း ရွုံးပြဲမရွိေသးပဲ အမွတ္ေပးဇယားထိပ္မွာ ဦးေဆာင္လုိ႔ေနတဲ႔ လီဗာပူးလ္အသင္းက ၿပီးခဲ့တဲ႔ ဒီဇင္ဘာပြဲက်ပ္ကာလအတြင္း အဲဗာတန္ ဘုန္းေမာက္ ဝက္ဖုိဒ့္ လက္စတာနဲ႔ ဝုလ္ဗ္အသင္းေတြအားလုံးကုိ အႏုိင္ရယူခဲ႔တာေၾကာင့္ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့မွာလည္း ဒီဇင္ဘာလရဲ႕အေကာင္းဆုံးနည္းျပအျဖစ္ ေရြးခ်ယ္သတ္မွတ္ခံခဲ႔ရၿပီး ဒါဟာ ဒီႏွစ္ေဘာလုံးရာသီအတြင္း ကေလာ့ပုိင္ဆုိင္ခဲ႔ရတဲ႔ ၄ႀကိမ္ေျမာက္ တစ္လတာအေကာင္းဆုံးနည္းျပဆုလည္း ျဖစ္လာခဲ႔ပါတယ္။

Photo Credit : LiverpoolFC

အသင္းက ဒီလုိရလဒ္ေတြ ေကာင္းမြန္ခဲ႔ခ်ိန္မွာ ဒီဇင္ဘာလအတြင္း လီဗာပူးလ္အတြက္ သြင္းဂုိး၁ဂုိးအျပင္ ဂုိးဖန္တီးမႈ၃ႀကိမ္ ျပဳလုပ္ႏုိင္ခဲ႔ၿပီး Clean Sheet ၃ပြဲ ရယူေပးခဲ႔တဲ႔ ညာေနာက္ခံကစားသမားေလး အလက္ဇန္းဒါးအာႏုိးက ဒီဇင္ဘာလရဲ႕အေကာင္းဆုံး ပရီးမီးယားလိဂ္ ေဘာလုံးသမားဆုကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ရကာ ဒီဆုဟာလည္း သူရဲ႕ကစားသမားဘဝရဲ႕ပထမဆုံးျဖစ္လာခဲ႔ရပါတယ္။ ဆက္လက္ၿပီး စပါးအသင္းရဲ႕ေတာင္ကုိရီးယားလက္ေရြးစင္ တုိက္စစ္ကစားသမား ဆြန္ေဟာင္မင္မွာလည္း စပါးက ဘန္ေလအသင္းကုိ ၅ဂုိး ဂုိးမရွိနဲ႔ ဂုိးျပတ္အႏုိင္ရခဲ႔တဲ႔ပြဲစဥ္မွာ သူရဲ႕တစ္ကုိယ္ေတာ္ေျခစြမ္းေတြနဲ႔ သြင္းယူခဲ႔တဲ႔ သြင္းဂုိးေၾကာင့္ ဒီဇင္ဘာလရဲ႕အေကာင္းဆုံးပရီးမီးယားလိဂ္သြင္းဂုိးဆုကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ပါတယ္။ ဆြန္ေဟာင္မင္မွာ ဒီဂုိးသြင္းယူၿပီးတဲ႔ေနာက္ ခ်ယ္လ္ဆီးအသင္းနဲ႔ ကစားခဲ႔တဲ့ လန္ဒန္ဒါဘီပြဲစဥ္အတြင္း အနီကတ္ျပသခံခဲ႔ရလုိ႔ လာမယ့္လီဗာပူးလ္နဲ႔ပြဲစဥ္မွသာ ျပန္လည္ပါဝင္ကစားခြင့္ရမွာပဲျဖစ္ပါတယ္။

(Unicode)

ဒီဇင်ဘာလရဲ့အကောင်းဆုံးဆုတွေကို ပိုင်ဆိုင်ခဲ့တဲ့ ကလော့ အာနိုးနဲ့ ဆွန်ဟောင်မင်

အခုအချိန်က ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနည်းပြဆု ကစားသမားဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆုတွေကို ရွေးချယ်ဖို့ အချိန်တန်လာခဲ့ပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့လမှာ အသင်းတွေအတွက် အကောင်းဆုံးစွမ်းဆောင်ခဲ့ကြတဲ့ ဘောလုံးနည်းပြ ဘောလုံးသမားတွေထဲကမှ လီဗာပူးလ်အသင်းရဲ့နည်းပြ ယာဂင်ကလော့ လီဗာပူးလ်ညာနောက်ခံလူ အာနိုးနဲ့ စပါးအသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်တို့ကို ရွေးချယ်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : LiverpoolFC

လက်ရှိ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်လို့နေတဲ့ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာပွဲကျပ်ကာလအတွင်း အဲဗာတန် ဘုန်းမောက် ဝက်ဖိုဒ့် လက်စတာနဲ့ ဝုလ်ဗ်အသင်းတွေအားလုံးကို အနိုင်ရယူခဲ့တာကြောင့် လီဗာပူးလ်နည်းပြ ယာဂင်ကလော့မှာလည်း ဒီဇင်ဘာလရဲ့အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်သတ်မှတ်ခံခဲ့ရပြီး ဒါဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ကလော့ပိုင်ဆိုင်ခဲ့ရတဲ့ ၄ကြိမ်မြောက် တစ်လတာအကောင်းဆုံးနည်းပြဆုလည်း ဖြစ်လာခဲ့ပါတယ်။

Photo Credit : AllFootball

အသင်းက ဒီလိုရလဒ်တွေ ကောင်းမွန်ခဲ့ချိန်မှာ ဒီဇင်ဘာလအတွင်း လီဗာပူးလ်အတွက် သွင်းဂိုး၁ဂိုးအပြင် ဂိုးဖန်တီးမှု၃ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး Clean Sheet ၃ပွဲ ရယူပေးခဲ့တဲ့ ညာနောက်ခံကစားသမားလေး အလက်ဇန်းဒါးအာနိုးက ဒီဇင်ဘာလရဲ့အကောင်းဆုံး ပရီးမီးယားလိဂ် ဘောလုံးသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့ရကာ ဒီဆုဟာလည်း သူရဲ့ကစားသမားဘဝရဲ့ပထမဆုံးဖြစ်လာခဲ့ရပါတယ်။ ဆက်လက်ပြီး စပါးအသင်းရဲ့တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်မှာလည်း စပါးက ဘန်လေအသင်းကို ၅ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သူရဲ့တစ်ကိုယ်တော်ခြေစွမ်းတွေနဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ဒီဇင်ဘာလရဲ့အကောင်းဆုံးပရီးမီးယားလိဂ်သွင်းဂိုးဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်မှာ ဒီဂိုးသွင်းယူပြီးတဲ့နောက် ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း အနီကတ်ပြသခံခဲ့ရလို့ လာမယ့်လီဗာပူးလ်နဲ့ပွဲစဉ်မှသာ ပြန်လည်ပါဝင်ကစားခွင့်ရမှာပဲဖြစ်ပါတယ်။