နိုင်ငံတကာရက်သတ္တပတ် အဆုံးသတ်သွားတဲ့နောက်မှာ ကျွန်တော်တို့ ဘောလုံးချစ်ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ကလပ်အသင်းတွေရဲ့ ပွဲစဉ်တွေ ပြန်လည်ရောက်လာပြီဖြစ်ပြီး ပွဲတွေအားလုံးကလည်း အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ပွဲတွေ ဖြစ်လို့နေပါတယ်။ အခုတောာ့ အားလုံးစိတ်ဝင်စားနေကြတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၅)ထဲကမှ ဒီနေ့ စနေနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမယ့် ပွဲစဉ်တွေရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

အဲဗာတန်နဲ့ လီဗာပူးလ် (ညနေ၆နာရီ)

Photo Credit : Sky Sports

ပရီးမီးယားလိဂ် ပွဲစဉ်(၅)ရဲ့အဖွင့်ပွဲက မာဆေးဆိုက်ဒါဘီနဲ့ဖွင့်မှာဆိုတော့ အရမ်းကို ရင်ခုန်စရာပါ။ ဒီအသင်း(၂)သင်းရဲ့ နောက်ဆုံး(၂၂)ကြိမ် တွေ့ဆုံမှုမှာ လီဗာပူးလ်ကပဲ ရလဒ်တွေ အသာစီးရယူထားခဲ့ပြီး အဲဗာတန်က အဲ့ဒီ(၂၂)ကြိမ် တစ်ပွဲမှကို အနိုင်မရခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ အဲဗာတန်ရဲ့ Form က အရမ်းကောင်းလို့နေပြီး ဒါကို လီဗာပူးလ်တို့ တားဆီးရခက်နိုင်ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးမှာ ဂိုးသမားတွေက အမှားတွေပြုလုပ်တတ်သလို ခံစစ်ပိုင်းမှာလည်း လိုအပ်ချက်တချို့ ရှိနေတာကြောင့် နှစ်သင်းပေါင်း သွင်းဂိုးများနိုင်တယ်။ သရေကျဖို့လည်းများပါတယ်။

ချယ်လ်ဆီး နဲ့ ဆောက်သမ်တန် (ည၈နာရီခွဲ)

Photo Credit : The Pride of London

ချယ်လ်ဆီးကတော့ အခုပွဲစဉ်မှာ အသင်းရဲ့ကစားသမားသစ်ဖြစ်တဲ့ ဇီယက်ရှ်ကို စတင်အသုံးပြုလာဖွယ်ရှိသလို ပူလီဆစ်လည်း First Line-up မှာ ပြန်လည်ပါလာနိုင်တယ်။ ဒါပေမယ့် ခံစစ်ပိုင်းကိုတော့ တည်ငြိမ်အောင် လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။ ဆောက်သမ်တန်ကတော့ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် ချယ်လ်ဆီးကို အဝေးကွင်းမှာ ခံကစားဖို့က မလွယ်ကူပါဘူး။ ချယ်လ်ဆီးပဲ အနိုင်ရပါလိမ့်မယ်။

မန်စီးတီး နဲ့ အာဆင်နယ် (ည၁၁နာရီ)

Photo Credit : SPORTCO

ဆရာတပည့်နှစ်ယောက် ပြန်လည်တွေ့ဆုံကြမယ့် ဒီပွဲက စိတ်ဝင်စားဖို့ အရမ်းကောင်းနေမှာပါ။ လက်ရှိအချိန်မှာတော့ လက်စတာကို အရေးနိမ့်ပြီး လိဒ်စ်ကို သရေကျထားရတဲ့ မန်စီးတီးက အာတီတာရဲ့ အာဆင်နယ်ထက် ဖိအားတွေ ပိုများနေမှာပါ။ အာဆင်နယ်က အက်အေဖလားမှာ မန်စီးတီးနဲ့ တွေ့ဆုံခဲ့စဉ်တုန်းကလည်း ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့နိုင်သလို ဘောလုံးကိုင်ကစားတတ််တဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ကစားရတိုင်းမှာ အကောင်းဆုံး တုန့်ပြန်ကစားနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ထပ်မံအမှားခံလို့ မဖြစ်တော့တဲ့ အခြေအနေကုိ ရောက်ရှိနေသလို မာဆေးဆိုက်ဒါဘီ ရှိနေတာကိုလည်း အခွင့်ကောင်းယူဖို့ လိုအပ်နေတာဖြစ်လို့ အိမ်ရှင်အသင်းပဲ ရလဒ်ကောင်းပါလိမ့်မယ်။

နယူးကာဆဲလ် နဲ့ မန်ချက်စတာယူနိုက်တက် (ည၁နာရီခွဲ)

Photo Credit : Sky Sports

စပါးကို ဂိုးပြတ်အရေးနိမ့်ထားခဲ့မှုကနေ ယူနိုက်တက်တို့ ပြန်လည်ရုန်းထဖို့ လိုအပ်ပါတယ်။ ရှေ့လျှောက်ပွဲတွေအားလုံးကလည်း ပွဲကျပ်တွေဖြစ်နေလို့ ဒီပွဲမှာ အနိုင်ယူပြီး စိတ်ဓါတ်ခွန်အားတွေ မြင့်တတ်ဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် ကစားသမားသစ် ကာဗာနီ မပါနိုင်သေးသလို မာစီယဲလ်ကလည်း ပွဲပယ်ခံထားရလို့ တိုက်စစ်ပိုင်း အားပျော့နေနိုင်ပါတယ်။ နယူးကာဆဲလ်ကလည်း ဘရိုက်တန်ကို အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ (၄)ပွဲဆက် ရှံးပွဲမရှိထားခဲ့တာကြောင့် ယူနိုက်တက်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်ပါတယ်။ သရေကျသွားနိုင်ပြီး အမှတ်လိုနေတဲ့ ယူနိုက်တက် ကပ်နိုင်သွားဖွယ် ရှိပါတယ်။