ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)ကိုတော့ မနေ့ညကပဲ စတင်ကျင်းပခဲ့ရာမှာ ချန်ပီယံလီဗာပူးလ်အသင်း အပါအဝင် ချယ်လ်ဆီးလည်း ခြေချော်ခဲ့ရပြီး မန်စီးတီးကတော့ အဝေးကွင်းမှာ ဘရိုက်တန်ကို (၅)ဂိုးပြတ်နဲ့ပါ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ညမှာလည်း ပွဲစဉ်(၃၅)ရဲ့ ပွဲ(၄)ပွဲကို ကစားသွားမှာဖြစ်ပြီး အဲ့ဒီပွဲတွေထဲမှာ လန်ဒန်ဒါဘီပွဲစဉ်လည်း ပါဝင်နေတာဖြစ်လို့ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်မှာ သေချာနေပါတယ်။

ဝုလ်ဗ် နဲ့ အဲဗာတန် (ညနေ၅နာရီခွဲ)

Photo Credit : Getty Image

အာဆင်နယ်နဲ့ ရှက်ဖီးတို့ကို ဆက်တိုက်ရှံးထားခဲ့တဲ့ ဝုလ်ဗ်ဟာ Form အရမ်းပျက်နေတာမဟုတ်ပဲနဲ့ ရလဒ်ပိုင်းတွေသာ ဆိုးနေတာဖြစ်ပြီး ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက် ထပ်မံအမှတ်မလျော့ရအောင် ကြိုးစားဖို့လိုပါတယ်။ အဲဗာတန်ကတော့ အဝေးကွင်းပွဲစဉ်တွေမှာ ခြေစွမ်းက သာမာန်ထက်ပိုပြီး မျှော်လင့်လို့မရတဲ့ အနေအထားမှာသာရှိနေပြီး အဝေးကွင်းရလဒ်တွေလည်း ကောင်းမွန်လေ့မရှိတာမို့ ဒီပွဲမှာ အိမ်ရှင်ကိုပဲ အားပေးချင်ပါတယ်။

အက်စတွန်ဗီလာ နဲ့ ခရစ္စတယ်ပဲလေ့စ် (ညရနာရီ၄၅မိနစ်)

Photo Credit : Getty Image

နောရစ်ချ်နဲ့အတူ ချန်ပီယံရှစ်ကို ပြန်လိုက်မသွားရဖို့အတွက်ဆိုရင် ဗီလာအနေနဲ့ ဒီပွဲမှာ အနိုင်(၃)မှတ်ကို အပြည့်အဝ ရယူထားသင့်ပြီး ဒီပွဲကို မနိုင်လိုက်ရင်တော့ နောက်ပွဲတွေအတွက် အခြေအနေကောင်းနိုင်ဖို့က ရာခိုင်နှုန်း အရမ်းနည်းသွားပါလိမ့်မယ်။ ပဲလေ့စ်ကတော့ အမှတ်မလိုတော့ပေမယ့်လည်း ချယ်လ်ဆီးနဲ့ပွဲက ပုံစံမျိုးနဲ့သာ ကစားလာခဲ့မယ်ဆိုရင် ဗီလာတို့ မလွယ်ပါဘူး။ ဗီလာအနိုင်ရဖို့ လိုအပ်နေပေမယ့်လည်း ပဲလေ့စ်ရဲ့တုန့်ပြန်ကစားအားတွေကြောင့် သရေလောက်ပဲ ရနိုင်လိမ့်မယ် ထင်မိပါတယ်။

စပါး နဲ့ အာဆင်နယ် (ည၁၀နာရီ)

Photo Credit : Sky Sports

ဒီတစ်ပတ်အတွက် အကောင်းဆုံးပွဲစဉ်ပါ။ လက်ရှိအခြေအနေတွေအရတော့ စပါးထက် အာဆင်နယ်က ခြေစွမ်းပိုင်းမှာ ပိုကောင်းနေတာဖြစ်ပြီး စပါးကတော့ ဘုန်းမောက်နဲ့ပွဲမှာဆိုရင် ဂိုးပေါက်တည့်ကန်ချက်တောင် မရှိခဲ့ပါဘူး။ ဒါပေမယ့် လန်ဒန်ဒါဘီရောက်တိုင်း အာဆင်နယ်ကို အသာစီးယူနိုင်တတ်တဲ့ မော်ရင်ဟိုနဲ့ အာဆင်နယ်ဘက်ကို သွင်းဂိုးတွေ မကြာခဏ သွင်းယူတတ်တဲ့ ဟယ်ရီကိန်းတို့ကြောင့်တော့ လန်ဒန်ဒါဘီက အသက်ဝင်နေဦးမှာပါ။ အာဆင်နယ်ရလဒ်ကောင်းနိုင်မယ့် အနေအထားဖြစ်နေပေမယ့် အိမ်ကွင်းမှာ စပါးတို့ အာဆင်နယ်ဆီက သရေတစ်မှတ်လောက် ခွဲယူနိုင်မယ်လို့ ယူဆမိပါတယ်။

ဘုန်းမောက် နဲ့ လက်စတာ (ည၁၂နာရီခွဲ)

Photo Credit : Getty Image

စပါးကို အိမ်ကွင်းမှာ သရေတစ်မှတ်ရအောင် ကစားခဲ့တဲ့ပွဲတုန်းက ခြေစွမ်းမျိုးကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ဘုန်းမောက်တို့ လက်စတာဆီကနေ ရမှတ်လုယူဖို့ မျှော်လင့်နိုင်ပါတယ်။ လက်ရှိမှာ ဘုန်းမောက်က တန်းမဆင်းရအောင် အသကုန်ရုန်းရမှာဖြစ်သလို လက်စတာကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချယ်လ်ဆီးရဲ့ရှံးပွဲကို အခွင့်ကောင်းယူရမှာဖြစ်ပါတယ်။ ရလဒ်ခန့်မှန်းရခက်နိုင်တဲ့ ပွဲစဉ်ဖြစ်နေပေမယ့် တန်းဆင်းဇုန်ရုန်းအားကြောင့် ဘုန်းမောက်တို့ အိမ်ကွင်းမှာ မရှံးနိုင်လောက်ပါဘူး။