ပရီးမီးယားလိဂ် ပွဲစဉ်(၃၄)ရဲ့ လက်ကျန်ပွဲတွေကိုတော့ ဒီနေ့ညမှာ အပြီးသတ်ကစားစေမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် စပါးအသင်းတို့လို ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်းတွေက တန်းဆင်းဇုန်အတွင်း အက်စတွန်ဗီလာ ဘုန်းမောက်တို့ရဲ့အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်လို့ ဘယ်အသင်းမှ အမှားခံလို့မရတဲ့ အခြေအနေတွေနဲ့ ပွဲတိုင်းက အရမ်းကြည့်ကောင်းနေမှာ သေချာနေပါတယ်။

Photo Credit : Getty Image

ဘုန်းမောက် နဲ့ စပါး (ည၁၁နာရီခွဲ)

ဘုန်းမောက်က တန်းမဆင်းရဖို့ အမှတ်လိုနေသလို စပါးကလည်း ဥရောပဝင်ခွင့်ရဖို့ အမှတ်လိုနေတာဖြစ်လို့ ဒီပွဲက အတော်လေးကို အကြိတ်အနယ် ဖြစ်လာနိုင်ပါတယ်။ ဘုန်းမောက်ကလည်း ပရီးမီးယားလိဂ် ပြန်စကတည်းက တစ်ပွဲလေးတောင်မှ အမှတ်မရထားတာဖြစ်ပြီး အခြေအနေ အတော်ဆိုးနေပါတယ်။ စပါးကလည်း အဝေးကွင်းပွဲတွေမှာဆို ရုန်းကန်နေရမြဲပါ။ ဒိုင်ယာလည်း ပွဲပယ်ခံထားရသေးတော့ အပြောင်းအလဲ အနည်းငယ်လောက် လုပ်လာရပါလိမ့်မယ်။ ဒီလိုပွဲမျိုးက စပါးအတွက် အမှတ်ပြည့်ကို ရသင့်တဲ့ပွဲမျိုးပါ။ အနိုင်ရလိုက်တာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်နားလောက်ကို ကပ်သွားမယ့် စပါးကိုပဲ ယုံကြည်ထားချင်ပါတယ်။

Photo Credit : Getty Image

အဲဗာတန် နဲ့ ဆောက်သမ်တန် (ည၁၁နာရီခွဲ)

အမှတ်တွေ မလိုအပ်တဲ့ အသင်းနှစ်သင်းတွေ့ဆုံတဲ့ပွဲဆိုပေမယ့် နှစ်သင်းလုံးဆီမှာ အဆင့်(၁၀)အတွင်းဝင်ပြီး ရာသီသိမ်းနိုင်မယ့် အခွင့်အရေးရှိနေတာကြောင့် နိုင်ပွဲတစ်ပွဲကို ပုံဖော်လာနိုင်အောင် ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် ကစားသမားအပြောင်းအလဲတွေလည်း ရှိလာနိုင်သလို ခံစစ်ပိုင်းကို ပိုအာရုံစိုက်တဲ့ အသင်းတွေဖြစ်နေတာကြောင့် နှစ်သင်းပေါင်းဂိုးနည်းနိုင်သလို အိမ်ရှင်အဲဗာတန်ကိုပဲ ပိုသဘောကျမိပါတယ်။

Photo Credit : Getty Image

အက်စတွန်ဗီလာ နဲ့ မန်ချက်စတာယူနိုက်တက် (ည၁နာရီ၄၅မိနစ်)

ဗီလာက တန်းဆင်းဇုန်ကနေ လွတ်ဖို့လိုနေချိန် လီဗာပူးလ်နဲ့တွေ့င်္ပြး ယူနိုက်တက်နဲ့ ဆက်ကစားရမှာဖြစ်လို့ ကံဆိုးတယ်လို့ပဲ သတ်မှတ်ရမှာပါ။ ယူနိုက်တက်ကလည်း ပထမအကျော့က ဗီလာကို သရေပဲ ကစားနိုင်ခဲ့တဲ့ ပုံစံလိုမဟုတ်တော့ပဲ တိုက်စစ်ပိုင်းက ကြောက်ခမန်းလိလိကို ကောင်းမွန်နေပါတယ်။ ခံစစ်ပိုင်းလေးက တချက်ချက် ဖောက်တတ်လေးကတော့ အထူးသဖြင့် ပထမပိုင်းတွေမှာ သတိထားရပါလိမ့်မယ်။ ဒါပေမယ့် ဒုတိယပိုင်းရောက်တာနဲ့ လုံးဝကျသွားတတ်တဲ့ ဗီလာတို့ ယူနိုက်တက်ဆီကနေ အမှတ်ခွဲယူဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ယူနိုက်တက်ပဲ အနိုင်ရပါမယ်။