ကဲ…နောက်ဆုံးတော့ ကျွန်တော်တို့တွေ စောင့်မျှော်နေရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကြည့်ရှခံစားရတော့မယ့် နေ့ရက်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါပြီ။ ပရီးမီးယားလိဂ်ပြန်လည်စတင်မယ့်နေ့မှာ ပွဲစဉ်(၂၈)တုန်းက ကစားဖို့ကျန်နေခဲ့တဲ့ ပွဲကျန်(၂)ပွဲကို အရင်ကျင်းပမှာဖြစ်ပါတယ်။ (၂)ပွဲလုံးကလည်း စိတ်ဝင်စားစရာကောင်းနေတာမို့ ဒီပွဲတွေအကြောင်းကို ဆက်လက်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Sky Sports

အက်စတွန်ဗီလာ နဲ့ ရှက်ဖီးယူနိုက်တက် (ည၁၁နာရီခွဲ)
နှစ်သင်းလုံးက ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းတတ်လာခဲ့တာခြင်း တူညီပေမယ့် လက်ရှိရပ်တည်မှု အနေအထားနဲ့ ရည်မှန်းချက်ခြင်းတော့ ကွာခြားနေပါတယ်။ ဒါပေမယ့့် ရမှတ်တွေကတော့ နှစ်သင်းလုံးအတွက် အရေးကြီးနေတာခြင်း တူညီနေကြလို့ အကြိတ်အနယ်ရှိစေမှာ သေချာပါတယ်။ အိမ်ရှင်ဘက်မှာ ဂိုးသမားဟီတန်နဲ့ တိုက်စစ်မှူးဝက်စလေတို့ မပါဝင်နိုင်ပဲ ရှက်ဖီးဘက်မှာကတော့ ဒဏ်ရာပွဲပယ် ကင်းစင်နေပါတယ်။ ဗီလာက အိမ်ကွင်းကစားပုံ အားရစရာမရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဝင်ရှုပ်လို့ အရှိန်ကောင်းတွေ ရပ်တန့်သွားရတဲ့ ရှက်ဖီးကိုတော့ မရှံးအောင် ကစားနိုင်ပါလိမ့်မယ်။ ဗီလာသရေတော့ ကစားနိုင်ပါလိမ့်မယ်။

Photo Credit : Sky Sports

မန်စီးတီး နဲ့ အာဆင်နယ် (ည၁နာရီ၄၅မိနစ်)
ပရီးမီးယားလိဂ် ပြန်လည်စတင်မယ့်နေ့မှာပဲ မန်စီးတီးနဲ့အာဆင်နယ်အသင်းတို့ ထိပ်တိုက်တွေ့နေကြတဲ့ ပွဲစဉ်ပါဝင်နေတာက အတော်လေးကို အရသာရှိစေမှာပါ။ ဒီနှစ်သင်းမှာ မန်စီးတီးက ပိုသာတယ်လို့ ယူဆနိုင်ပေမယ့်လည်း နှစ်သင်းလုံးက ဘောလုံးပွဲတွေ မကစားရတာကြာနေပြီဖြစ်တာကြောင့် လက်ရှိခြေစွမ်းတွေက မှန်းရခက်စေနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားအင်အား ကစားအားမှာတော့ အိမ်ရှင်ကပဲ အသာရနေဦးမှာပါ။ ပရီးမီးယားလိဂ် ပြန်လည်စတင် ကစားရတဲ့ပွဲဖြစ်တာကြောင့် နှစ်သင်းလုံး ထိန်းသိမ်းကစားရင်း ပြိုင်ဘက်ရဲ့အငိုက်ကိုစောင့်ကာ အလစ်တိုက်ကစားနိုင်သလို ပွဲစဉ်တွေကလည်း တစ်ပတ်အတွင်းမှာပဲ (၂)ပွဲ(၃)ပွဲထိ ကစားရနိုင်တာကြောင့် ကစားသမားအင်အားကိုလည်း ချွေတာလာနိုင်ပါတယ်။ မန်စီးတီးဘက်က ဆာနေးပါ ပြန်လည်ကစားနိုင်ပြီဖြစ်ပြီးတော့ အာဆင်နယ်ဘက်မှာ တော်ရဲရားနဲ့ချမ်ဘာတို့ ဆက်လက်လွဲချော်ဦးမှာပါ။ ဒီပွဲမှာ အနိုင်ဆိုရင်တော့ အိမ်ရှင်ကိုပဲ ရွေးထားချင်ပြီးတော့ ဂိုးတော့ပြတ်ဖို့ ခက်ခဲပါလိမ့်မယ်။