ဒီနေ့ တနင်းလာနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၂)ရဲ့နောက်ဆုံးပွဲစဉ်ရဲ့နောက်ဆုံးသောပွဲ(၂)ပွဲကို ဆက်လက်ယှဉ်ပြိုင်စေမှာဖြစ်ပြီး မနှစ်က ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ကို တန်းတတ်လာခဲ့သော ကလပ်အသင်းတွေဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ပွဲစဉ်နဲ့ မနှစ်က ဘောလုံးရာသီအတွင်း မန်စီးတီးကို နှစ်ကျော့စလုံး အနိုင်ယူထားခဲ့တဲ့ ဝုလ်ဗ်အသင်းတို့ရဲ့ပြန်လည်ထိပ်တိုက်တွေ့ဆုံရမယ့်ပွဲတွေ ပါဝင်နေတာဖြစ်လို့ ဒီပွဲတွေရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

အက်စတွန်ဗီလာ နဲ့ ရှက်ဖီးယူနိုက်တက် (ည၁၁နာရီခွဲ)

Photo Credit : Sky Sports

ဗီလာဟာ ဒီနှစ်ရာသီမှာ အကောင်းဆုံးပြင်ဆင်မှုတွေ လုပ်ဆောင်ထားတဲ့အပြင် အသင်းရဲ့ Main Player ဖြစ်တဲ့ ဂရီးလစ်ရှ်ကို သက်တမ်းတိုးထားနိုင်ခဲ့ပါတယ်။ ရှက်ဖီးကတော့ အဖွင့်ပွဲစဉ်မှာ ဂိုးပြတ်ရှံးနိမ့်ထားခဲ့တာကို ပြန်လည်ချေဖျက်နိုင်ဖို့အတွက် ကြိုးစားလာဖွယ်ရှိတာကြောင့် ဒီပွဲကလည်း အတော်လေးကို ကြည့်ကောင်းနေဦးမှာပါ။ လက်ရှိအနေအထားတွေအရတော့ ကစားသမားအင်အားနဲ့ ကစားအားပိုင်းမှာ အိမ်ရှင်ဗီလာအသင်းက အနည်းငယ်အသာရနေတယ်။ ဒီပွဲလည်း ရှေ့က ပရီးမီးယားလိဂ်ပွဲတွေလို ဂိုးတွေမြူးနိုင်ပါတယ်။ အနိုင်ဆိုရင်တော့ ဗီလာကိုပဲ ရွေးချယ်ချင်ပါတယ်။

ဝုလ်ဗ် နဲ့ မန်စီးတီး (၁နာရီ၄၅မိနစ်)

Photo Credit : Sky Sports

ဒီတစ်ပတ်မှာ ချယ်လ်ဆီးနဲ့လီဗာပူးလ်ပွဲပြီးရင် ဒုတိယမြောက် အကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။ ဝုလ်ဗ်က ဒီရာသီမှာ ဒိုဟာသီနဲ့ ဂျိုတာတို့ကို ရောင်းထုတ်လိုက်ရပေမယ့်လည်း လူအင်အားကတော့ တောင့်တင်းနေဆဲဖြစ်ပြီး မန်စီးတီးကိုလည်း ကောင်းကောင်းဒုက္ခပေးနိုင်ပါလိမ့်မယ်။ မန်စီးတီးမှာတော့ အဂူရိုနဲ့ လာပေါ့တ်တို့လို အသင်းရဲ့အဓိက ကစားသမားတွေ ဒီပွဲကို လွဲချော်ရမှာဖြစ်ပေမယ့် အသင်းရဲ့တိုက်စစ်ကတော့ အားကောင်းနေဦးမှာဖြစ်ပြီး ခံစစ်ပိုင်းကိုပဲ သတိထားရမယ်ထင်ပါတယ်။ ဒီပွဲမှာ မန်စီးတီးရဲ့နောက်ခံလူသစ် နာသန်အကီ ပွဲထွက်လာဖို့ သေချာနေတာကြောင့် သူရဲ့ခြေစွမ်းတွေကို အဓိက စောင့်ကြည့်ရပါလိမ့်မယ်။ ဒဏ်ရာပြသာနာတွေ ဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ရာသီသစ်မှာ သိပ်အထိုင်ကျသေးဖွယ်မရှိတဲ့ မန်စီးတီးတို့ ဝုလ်ဗ်ရဲ့အိမ်ကွင်းမှာ ရလဒ်တိမ်းစောင်းမှုလေးတွေ ဖြစ်လာနိုင်သလို နှစ်သင်းပေါင်းသွင်းဂိုးလည်း များနိုင်ပါတယ်။