ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ စက်တင်ဘာလ(၂)ရက်နေ့ကနေစတင်ပြီး ပြန်လည်ကျင်းပခဲ့ရာမှာ လီဗာပူးလ် အာဆင်နယ်အသင်းတွေက နိုင်ပွဲကိုယ်စီ ရရှိထားခဲ့ကြပေမယ့် တန်းတတ်အသင်း(၃)သင်းလုံး ရှံးပွဲတွ့ခဲ့သလို မော်ရင်ဟိုနဲ့ အန်စလော့တီတို့ရဲ့အားပြိုင်ပွဲမှာလည်း ပြင်ဆင်မှုအားကောင်းထားခဲ့တဲ့ အဲဗာတန်အသင်းက အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ညမှာတော့ နွေစျေးကွက်အတွင်း ပြင်ဆင်မှုတွေ အားကောင်းထားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ပွဲစဉ်နဲ့အတူ ရှက်ဖီးနဲ့ဝုလ်ဗ်အသင်းတို့ရဲ့တွေ့ဆုံမှုတို့ကို ဆက်လက်ရှစားရဦးမှာဖြစ်လို့ ဒီပွဲတွေရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ရှက်ဖီးယူနိုက်တက် နဲ့ ဝုလ်ဗ် (ည၁၁နာရီခွဲ)

အသင်းနှစ်သင်းလုံးက ရှိရင်းစွဲကစားသမားတွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ကစားသမားသစ်တချို့ကိုပါ ခေါ်ယူအားဖြည့်နိုင်ခဲ့ပါတယ်။ နှစ်သင်းလုံးက ပြီးခဲ့တဲ့ရာသီအတွင်း ရပ်တည်ချက် သိပ်မကွာလှတဲ့ အသင်းဖြစ်ပေမယ့် ဝုလ်ဗ်ကတော့ ကစားသမားပိုင်းမှာ ပိုမိုအားသာလို့နေပါတယ်။ ဒီရာသီမှာလည်း ဝုလ်က အသင်းရဲ့အဓိက ကစားသမားများစွာကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့အပြင် ပေါ်တိုက လူငယ်တိုက်စစ်မှူးဖာဘီယိုဆေးဗားကိုလည်း အားဖြည့်ထားနိုင်ပါတယ်။ လက်ရှိအချိန် ရှက်ဖီးဘက်က ဒဏ်ရာရကစားသမား ပိုများနေတာကြောင့် အဝေးကွင်းမှာ ဝုလ်ဗ်တို့ မရှံးအောင်တော့ ကစားနိုင်ပါလိမ့်မယ်။

ဘရိုက်တန် နဲ့ ချယ်လ်ဆီး (ည၁နာရီခွဲ)

အားဖြည့်တင်းမှုများစွာ ပြုလုပ်ထားတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာတော့ သီယာဂိုဆေးဗားနဲ့ ဘင်ချီဝဲလ်တို့က ပါဝင်ကစားဖို့ မသေချာသေးသလို ဇီယက်ရှ်ကတော့ သေချာပေါက်လွဲချော်ရပါလိမ့်မယ်။ ဒါပေမယ့် တိုက်စစ်မှာတော့ ဝါနာနဲ့ဟားဗက်ဇ်တို့ ပါဝင်လာမှာဖြစ်ပြီး ပူလီဆစ်လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ တိုက်စစ်ပိုင်းက လုံးဝကိုထက်မြက်နေမှာ သေချာပါတယ်။ ဘရိုက်တန်က အိမ်ကွင်းကစားအားကောင်းမွန်တတ်ပြီး ခံစစ်ပိုင်းအားနည်းနေနိုင်သေးတဲ့ ချယ်လ်ဆီးကို အချိန်မရွေး ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲကိုတော့ ချယ်လ်ဆီးပဲ အနိုင်ရသွားလိမ့်မယ်လို့ ထင်မိပါတယ်။ ဂိုးပြတ်ဖို့တော့ ခက်ပေမယ့် အပြန်အလှန်သွင်းဂိုးတွေတော့ မြင်တွေ့ရဖွယ် ရှိနေပါတယ်။