ဒီတစ်ပတ်ကြားရက်မှာတော့ ဘောလုံးဝါသနာအိုးတွေအတွက် ကြည့်စရာရှစရာ ဘောလုံးပွဲကောင်းတွေက အရင်ကြားရက်တွေကလောက် များများစားစား မရှိပေမယ့်လည်း ခါရာဘောင်းလိဂ်ဖလားရဲ့ဖိုင်နယ်ပွဲစဉ်အတွက် အဆုံးအဖြတ် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့နဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို ဆင်နွဲရလို့ ပရီးမီးယားလိဂ်ပွဲကို ရွေ့ဆိုင်းခဲဲ့ရတဲ့ လီဗာပူးလ်ရဲဲ့ ပရီးမီးယားလိဂ်ပွဲကျန်တွေကိုပါ ဆင်နွဲရဦးမှာဖြစ်လို့ ဒီပွဲတွေရဲဲ့အကြောင်းကို ပွဲကြိုသုံးသပ်လေ့လာချက်အဖြစ် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : This is Anfield

ဝက်စ်ဟမ်း နဲ့ လီဗာပူးလ် (မနက်၂နာရီ၁၅မိနစ်) (ပရီးမီးယားလိဂ်ပွဲကျန်)

ဖီလစ်ပီအန်ဒါဆန် ယာမိုလန်ကို စနိုဂရော့စ် ဖာဘီယန်စကီးတို့လို ကစားသမားကောင်းတွေ ဒဏ်ရာပြသာနာတွေရှိနေချိန်မှာ ဝက်စ်ဟမ်းရဲ့ရလဒ်တွေက ပြန်မတတ်လာသေးပဲ အက်အေဖလားပွဲမှာတောင် ဝက်ဘရွန်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပါသေးတယ်။ လီဗာပူးလ်ကတော့ သူတို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပွဲတိုင်းအမှားမခံပဲ နိုင်ပွဲတွေဆက်တိုက်ရယူကာ ရပ်တန့်မရတဲဲ့ အသင်းအဖြစ် ရပ်တည်လို့နေပါတယ်။ ဒါပေမယ့် တိုက်စစ်မှာ အားအထားရဆုံး မာနေး ဒဏ်ရာရသွားခဲ့တာက လီဗာပူးလ်ဘက်ကနေ တောင်းဆိုထားတဲ့ သွင်းဂိုး၂ဂိုးအပြတ် သွင်းနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ ဆိုတော့ မာနေးမပါချိန်မှာ နိုင်ပွဲရဖို့လောက်ကိုပဲ အာရုံစိုက်လာနိုင်တဲ့ လီဗာပူးလ်ကို လစ်လျူရှပြီး အိမ်ရှင်နဲ့ စွန့်စားချင်ပါတယ်။

Photo Credit : Bleacher Report

မန်စီးတီး နဲ့ မန်ချက်စတာယူနိုက်တက် (မနက်၂နာရီခွဲ)

ဒီပွဲကတော့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ပါ။ ဒီပွဲမတိုင်ခင် ဖာဂူဆန်ခေတ်လွန်မှာ ၆ဂိုးအထိ ဂိုးပြတ်နိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းအနေနဲ့ ထရန်မဲနဲ့ပွဲမှာ ပိုင်ဆိုင်ခဲဲ့တာကြောင့် ပထမအကျော့ရလဒ်ကိုတောင်မေ့ပြီး ဒီပွဲမှာ အားတတ်သရော ယှဉ်ပြိုင်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း ပထမအကျော့ ယူနိုက်တက်ကွင်းမှာ အနိုင်ရထားခဲ့တာကတော့ မန်စီးတီးအတွက် အားသာလို့နေပြီး ဒီပွဲမှာလည်း ထပ်ပြီးအနိုင်ရအောင်ပါ ကစားလာဖွယ်ရှိနေပါတယ်။ ဘာလို့ဆိုတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းဖို့ မဖြစ်နိုင်တော့ချိန်မှာ မန်စီးတီးက သူတို့အတွက် သေချာသလောက်ရှိနေမယ့် လိဂ်ဖလားကို အမှားခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပထမအကျော့ကလောက် ပြတ်သားမှုတွေ မဖြစ်နိုင်တာကြောင့် ယူနိုက်တက်ဘက်ကနေ နေထိုင်ချင်ပါတယ်။

(Zawgyi)

လိဂ္ဖလား ဆီမီးဖုိင္နယ္နဲ႔ ပရီးမီးယားလိဂ္ပြဲက်န္ ပြဲစဥ္ေတြအေပၚ ပြဲႀကိဳသုံးသပ္ခန္႔မွန္းခ်က္

ဒီတစ္ပတ္ၾကားရက္မွာေတာ့ ေဘာလုံးဝါသနာအုိးေတြအတြက္ ၾကည့္စရာရွစရာ ေဘာလုံးပြဲေကာင္းေတြက အရင္ၾကားရက္ေတြကေလာက္ မ်ားမ်ားစားစား မရွိေပမယ့္လည္း ခါရာေဘာင္းလိဂ္ဖလားရဲ႕ဖုိင္နယ္ပြဲစဥ္အတြက္ အဆုံးအျဖတ္ လိဂ္ဖလားဆီမီးဖုိင္နယ္ ဒုတိယအေက်ာ့နဲ႔ ဖီဖာကမာၻ႕ကလပ္ဖလားၿပိဳင္ပြဲကုိ ဆင္ႏြဲရလုိ႔ ပရီးမီးယားလိဂ္ပြဲကုိ ေရြ႕ဆုိင္းခဲဲ႔ရတဲ႔ လီဗာပူးလ္ရဲဲ႕ ပရီးမီးယားလိဂ္ပြဲက်န္ေတြကုိပါ ဆင္ႏြဲရဦးမွာျဖစ္လုိ႔ ဒီပဲြေတြရဲဲ႕အေၾကာင္းကုိ ပြဲႀကိဳသုံးသပ္ေလ့လာခ်က္အျဖစ္ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : This is Anfield

ဝက္စ္ဟမ္း နဲ႔ လီဗာပူးလ္ (မနက္၂နာရီ၁၅မိနစ္) (ပရီးမီးယားလိဂ္ပြဲက်န္)

ဖီလစ္ပီအန္ဒါဆန္ ယာမုိလန္ကုိ စႏုိဂေရာ့စ္ ဖာဘီယန္စကီးတုိ႔လုိ ကစားသမားေကာင္းေတြ ဒဏ္ရာျပသာနာေတြရွိေနခ်ိန္မွာ ဝက္စ္ဟမ္းရဲ႕ရလဒ္ေတြက ျပန္မတတ္လာေသးပဲ အက္ေအဖလားပြဲမွာေတာင္ ဝက္ဘရြန္းကုိ အိမ္ကြင္းမွာ အေရးနိမ့္ခဲ႔ပါေသးတယ္။ လီဗာပူးလ္ကေတာ့ သူတုိ႔ရဲ႕ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ပြဲတုိင္းအမွားမခံပဲ ႏုိင္ပြဲေတြဆက္တုိက္ရယူကာ ရပ္တန္႔မရတဲဲ႔ အသင္းအျဖစ္ ရပ္တည္လုိ႔ေနပါတယ္။ ဒါေပမယ့္ တုိက္စစ္မွာ အားအထားရဆုံး မာေနး ဒဏ္ရာရသြားခဲ့တာက လီဗာပူးလ္ဘက္ကေန ေတာင္းဆုိထားတဲ့ သြင္းဂုိး၂ဂုိးအျပတ္ သြင္းႏုိင္ပါ့မလားဆုိတာ စဥ္းစားစရာပါ။ ဆုိေတာ့ မာေနးမပါခ်ိန္မွာ ႏုိင္ပြဲရဖုိ႔ေလာက္ကုိပဲ အာရုံစုိက္လာႏုိင္တဲ႔ လီဗာပူးလ္ကုိ လစ္လ်ဴရွၿပီး အိမ္ရွင္နဲ႔ စြန္႔စားခ်င္ပါတယ္။

Photo Credit : Bleacher Report

မန္စီးတီး နဲ႔ မန္ခ်က္စတာယူႏုိက္တက္ (မနက္၂နာရီခြဲ)

ဒီပြဲကေတာ့ လိဂ္ဖလား ဆီမီးဖုိင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္ပါ။ ဒီပြဲမတုိင္ခင္ ဖာဂူဆန္ေခတ္လြန္မွာ ၆ဂုိးအထိ ဂုိးျပတ္ႏုိင္ခဲ႔တဲ႔ ယူႏုိက္တက္အသင္းအေနနဲ႔ ထရန္မဲနဲ႔ပြဲမွာ ပုိင္ဆုိင္ခဲဲ႔တာေၾကာင့္ ပထမအေက်ာ့ရလဒ္ကုိေတာင္ေမ့ၿပီး ဒီပြဲမွာ အားတတ္သေရာ ယွဥ္ၿပိဳင္လာဖြယ္ရွိေနပါတယ္။ ဒါေပမယ့္လည္း ပထမအေက်ာ့ ယူႏုိက္တက္ကြင္းမွာ အႏုိင္ရထားခဲ့တာကေတာ့ မန္စီးတီးအတြက္ အားသာလုိ႔ေနၿပီး ဒီပြဲမွာလည္း ထပ္ၿပီးအႏုိင္ရေအာင္ပါ ကစားလာဖြယ္ရွိေနပါတယ္။ ဘာလုိ႔ဆုိေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိ ဆက္လက္ထိန္းသိမ္းဖုိ႔ မျဖစ္ႏုိင္ေတာ့ခ်ိန္မွာ မန္စီးတီးက သူတုိ႔အတြက္ ေသခ်ာသေလာက္ရွိေနမယ့္ လိဂ္ဖလားကုိ အမွားခံမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ပထမအေက်ာ့ကေလာက္ ျပတ္သားမႈေတြ မျဖစ္ႏုိင္တာေၾကာင့္ ယူႏုိက္တက္ဘက္ကေန ေနထုိင္ခ်င္ပါတယ္။