ဒီတစ်ပတ်ရဲ့ စနေနဲ့တနင်္ဂနွေနေ့တွေမှာ အက်အေဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲတွေကို ကျင်းပလိုက်ရတာကြောင့်မို့ Weekend မှာ အရင်ကလောက် ဘောလုံးပွဲတွေကို များများမကြည့်ရတော့ပဲ (၂)ရက်အတွင်း ပရီးမီးယားလိဂ်ပွဲကို (၄)ပွဲသာ ကြည့်ရှခဲ့ရပါတယ်။ ဒီနေ့ တနင်းလာနေ့ညမှာလည်း ပွဲစဉ်(၃၇)ရဲ့ပွဲ(၃)ပွဲကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး အသင်းကြီးတွေရဲ့ပွဲစဉ်တွေ မပါဝင်ပေမယ့်လည်း စိတ်ဝင်စားစရာပွဲတွေမို့ ပရိသတ်တွေအတွက် ဒီပွဲတွေရဲ့အကြောင်း ပွဲကြိုသုံးသပ်ချက်အဖြစ်နဲ့ တင်ဆက်ပေးချင်ပါတယ်။

ဘရိုက်တန် နဲ့ နယူးကာဆဲလ် (ည၁၁နာရီခွဲ)

Photo Credit : Sky Sports

ဘရိုက်တန်က တန်းမဆင်းရဖို့အတွက် လက်ကျန်ပွဲ(၂)ပွဲမှာ ရမှတ်(၁)မှတ်လောက်တော့ လိုအပ်နေပါသေးတယ်။ နယူးကာဆဲလ်ကတော့ ရလဒ်တွေ တောက်လျှောက်ဆိုးနေတယ်ဆိုပေမယ့် သူတို့အသင်းအတွက်က အမှတ်မလိုတော့တဲ့ အခြေအနေတွေဖြစ်နေတာကြောင့် ဒီရလဒ်တွေက သူတို့အတွက် သိပ်အရေးမကြီးတော့ပါဘူး။ အဓိကတော့ မရှံးရအောင်ပဲ အာရုံစိုက်လာဖွယ် ရှိနေပါတယ်။ သရေကျနိုင်ပြီး နိုင်မယ်ဆိုရင်တော့ ဘရိုက်တန်ပဲ ကပ်နိုင်ဖွယ်ရှိပါတယ်။

ရှက်ဖီးယူနိုက်တက် နဲ့ အဲဗာတန် (ည၁၁နာရီခွဲ)

Photo Credit : Premier League News Now

ရှက်ဖီးကတော့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် လုံးဝအမှားခံလို့မရတော့ပဲ လက်ကျန်ပွဲ(၂)ပွဲကို အနိုင်ရဖို့ လိုအပ်နေပါတယ်။ အဲဗာတန်ကလည်း အမှတ်မလိုအပ်တော့့ပဲ ဖိအားကင်းနေတာကြောင့် နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက်ကို နိုင်ပွဲပျောက်နေခဲ့ရပါတယ်။ လတ်တလော ရှက်ဖီးမှာက ဒဏ်ရာပွဲပယ်ပြသာနာတွေ ကင်းစင်လို့နေပြီး အဆင့်(၇)နေရာလောက်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီပွဲမှာ မဖြစ်မနေ အနိုင်ယူထားသင့်ပါတယ်။ ဒီပွဲလည်း အိမ်ရှင်ရှက်ဖီးကိုပဲ သဘောကျမိပါတယ်။

ဝုလ်စ် နဲ့ ခရစ္စတယ်ပဲလေ့စ် (ည၁နာရီ၄၅မိနစ်)

Photo Credit : News365

ဒီညကစားမယ့်ပွဲ(၃)ပွဲလုံးမှာတော့ အိမ်ရှင်အသင်းတွေကိုပဲ သဘောကျစရာ ရွေးချယ်စရာ ဖြစ်နေရပါတယ်။ စပါးက လက်စတာကို အနိုင်ရထားခဲ့တာမို့ ဝုလ်ဗ်စ်အနေနဲ့ အဆင့်(၆)နေရာ ပြန်ယူနိုင်ဖို့အတွက် ဒီပွဲမှာ ရလဒ်ကောင်းထားသင့်ပါတယ်။ ပဲလေ့စ်ကတော့ (၆)ပွဲဆက်အထိကို ရှံးပွဲတွေ့ထားခဲ့တဲ့အထိ ရလဒ်ပိုင်းတွေက ဆိုးရွှားနေတယ်ဆိုပေမယ့် သူတို့အသင်းကလည်း အမှတ်မလိုတော့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အသင်းမှာလည်း ဒဏ်ရာနဲ့ပွဲပယ်တွေက များပြားလွန်းနေတာကြောင့် အိမ်ကွင်းမှာဆိုရင် အမှတ်ပြည့်ယူတတ်လေ့ရှိတဲ့ ဝုလ်ဗ်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။