ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ ပွဲစဉ်(၃၄)ကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီတစ်ပတ်ရဲ့ကြားရက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ ဒီနေ့ အင်္ဂါနေ့ညမှာတော့ ပွဲစဉ်(၃၄)ရဲ့ ပွဲ(၃)ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲတွေထဲမှာ အာဆင်နယ်နဲ့ လက်စတာအသင်းတို့ရဲ့ ပွဲကြီးပွဲကောင်းပွဲစဉ်လည်း ပါဝင်နေတာဖြစ်လို့ ဒီပွဲတွေအကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

ခရစ္စတယ်ပဲလေ့စ် နဲ့ ချယ်လ်ဆီး (ည၁၁နာရီခွဲ)

ပဲလေ့စ်က နောက်ပိုင်းပွဲမှာ ရလဒ်တွေ တောက်လျှောက်ဆိုးနေတယ်ဆိုပေမယ့် သူတို့အသင်းက ဖိအားမရှိပဲ အမှတ်လည်းမလိုအပ်တာကြောင့် စိတ်ကြိုက်ကစားနေနိုင်တာဖြစ်ပြီး လန်ဒန်ဒါဘီပွဲလည်း ဖြစ်နေတာကြောင့်မို့ ချယ်လ်ဆီးကို ဒုက္ခပေးနိုင်ဖို့ ပြင်ဆင်လာမှာပါ။ ချယ်လ်ဆီးကလည်း ပဲလေ့စ်ကွင်းမှာ လာရောက်ကစားတိုင်း ရုန်းကန်ရတတ်တဲ့ အစဉ်အလာတွေ ရှိနေတယ်ဆိုပေမယ့် လက်စတာရဲ့ပွဲကျပ်နေတာကို အခွင့်ကောင်းယူဖို့ လိုတာကြောင့် အဝေးကွင်းမှာ ကပ်နိုင်ဖွယ်ရှိပါတယ်။

Photo Credit : Getty Image

ဝက်ဖိုဒ့် နဲ့ နောရစ်ချ် (ည၁၁နာရီခွဲ)

ရှုံးပွဲတွေများနေပြီး တန်းဆင်းဇုန်အတွင်းနဲ့ တန်းဆင်းဇုန်အနားမှာ ရှိနေတဲ့အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားဖို့ကောင်းမှာပါ။ လက်ရှိအနေအထားတွေအရတော့ ဝက်ဖိုဒ့်က ခြေစွမ်းပိုင်း ပိုသာလွန်နေပြီး ဗီလာနဲ့ဘုန်းမောက်တို့က မန်ယူ စပါးတို့နဲ့ ပွဲကျပ်တွေ ရင်ဆိုင်ရမှာဖြစ်လို့ ဒီအခြေအနေကို အခွင့်အရေးယူဖို့ လိုပါမယ်။ ဒီပွဲတော့ ဝက်ဖိုဒ့်တို့ နိုင်ပွဲပြန်ရပါလိမ့်မယ်။

Photo Credit : Sky Sports

အာဆင်နယ် နဲ့ လက်စတာ (မနက်၁နာရီ၄၅မိနစ်)

ရလဒ်တွေလည်းကောင်း ခြေစွမ်းပိုင်းတွေပါ တည်ငြိမ်လာခဲ့တဲ့ အာဆင်နယ်အသင်းဟာ အဆင့်(၇)နေရာထိတောင် ပြန်လည်တတ်လှမ်းလာခဲ့ကာ ယူရိုပါလိဂ်ဝင်ခွင့်ကိုပါ မျှော်မှန်းလာနိုင်ခဲ့ပါတယ်။ လက်စတာကလည်း ရလဒ်တွေ ဆိုးရွှားနေတဲ့ကြားကနေ နောက်ဆုံးပွဲမှာ ပဲလေ့စ်ကို ပြန်အနိုင်ရခဲ့လို့ အဆင့်(၄)အတွင်းမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် အမှားတစ်ခုလုပ်မိတာနဲ့ အဆင့်(၄)အပြင်ဘက်ကို အချိန်မရွေး ထွက်သွားရနိုင်ပါတယ်။ ခြေစွမ်းပိုင်းကွာဟချက် သိပ်မရှိပေမယ့်လည်း အိမ်ကွင်းမှာ လက်စတာကို မရှံးဖူးသေးတဲ့ အာဆင်နယ်တို့ ဒီပွဲမှာလည်း ရလဒ်ကောင်းသွားနိုင်ပါတယ်။