ပရီးမီးယားလိဂ် ပွဲစဉ်(၃၁)ကိုတော့ (၇)ပွဲအထိ ဆင်နွဲခဲ့ပြီးပြီဖြစ်ပြီး လက်ကျန်(၃)ပွဲကို ဒီနေ့ညမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲတွေထဲမှာ ဂွာဒီယိုလာနဲ့ လမ်းပတ်တို့ ဆုံတွေ့ရမယ့် တကယ့်ပွဲကြီးပွဲကောင်းလည်း ပါဝင်နေတာကြောင့်မို့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်မှာတော့ သေချာနေပါတယ်။ ဒါဆို ဒီပွဲတွေအကြောင်းကို ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

ဘန်လေ နဲ့ ဝက်ဖိုဒ့် (ည၁၁နာရီခွဲ)

ကစားပုံချင်း ခပ်ဆင်ဆင်ဖြစ်နေတဲ့အသင်းတွေဆိုပေမယ့် တစ်ဦချင်းမှာတော့ ဝက်ဖိုဒ့်က ပိုကောင်းသလို အသင်းလိုက်မှာ ဘန်လေက ပိုကောင်းပါတယ်။ လက်ရှိမှာတော့ ဝက်ဖိုဒ့်က တန်းမဆင်းရဖို့ လိုအပ်နေတဲ့ အသင်းဖြစ်လို့ အမှတ်ရအောင် ကစားလာမှာပါ။ လက်စတာကို သရေကျအောင် ကစားသွားတဲ့ခြေစွမ်းအရဆိုရင် ဘန်လေဆီကနေလည်း အမှတ်ယူနိုင်လောက်ပါတယ်။ သရေနဲ့ပြီးမယ့်ပွဲပါ။

Photo Credit : Getty Image

ဆောက်သမ်တန် နဲ့ အာဆင်နယ် (ည၁၁နာရီခွဲ)

ကစားသမားတွေ ဒဏ်ရာပြသာနာများနဲ့့ ရင်ဆိုင်နေရသလို ရလဒ်တွေကလည်း ဆက်တိုက်ဆိုးရွှားနေတာကြောင့် အာဆင်နယ်တို့ နိုင်ပွဲပြန်ရှာဖို့က အချိန်တန်နေပါပြီ။ ခက်တာက သူတို့အခုရင်ဆိုင်ရမယ့် ဆောက်သမ်တန်ကလည်း အသင်းကြီးတွေကို ဒုက္ခကောင်းကောင်းပေးတတ်တဲ့ အသင်းဖြစ်တာကြောင့်မို့ အဝေးကွင်းမှာ အာဆင်နယ်တို့ ရုန်းကန်လာရနိုင်ပြီး ခံစစ်ပိုင်းပြသာနာကြောင့် အချိန်မရွေး ဂိုးပေးရနိုင်တဲ့အတွက် ဂိုးများပြီး သရေကျနိုင်ပါတယ်။

Photo Credit : Manchester Evening News

ချယ်လ်ဆီး နဲ့ မန်စီးတီး (မနက်၁နာရီ၄၅မိနစ်)

ဒီတစ်ပတ်ရဲ့ အကောင်းဆုံးသောပွဲစဉ်ဖြစ်ပြီး စိတ်ဝင်စားဖို့လည်း အရမ်းကောင်းမှာပါ။ လတ်တလောခြေစွမ်းတွေအရ မန်စီးတီးအသင်းက ချယ်လ်ဆီးထက် ပိုသာလွန်လို့နေပြီး မန်စီးတီးက ခံစစ်ပိုင်းမှာ အားနည်းချက်ရှိတတ်တာကို သတိထားရပါမယ်။ ချယ်လ်ဆီးက မနှစ်က ဘောလုံးရာသီ အိမ်ကွင်းမှာ မန်စီးတီးနဲ့ ဆုံတွေ့ထားတုန်းက (၂)ဂိုးပြတ်နဲ့ အံ့အားသင့်စဖွယ် အနိုင်ယူထားခဲ့ပါတယ်။ ဒါပေမယ့် ဒီချိန်မှာတော့ မန်စီးတီးဆီကနေ ဒီလိုရလဒ်မျိုး ရယူဖို့က မဖြစ်နိုင်ပါဘူး။ မန်စီးတီးအနိမ့်ဆုံး သရေပါ။