ဥရောပလိဂ်တော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် လိဂ်ပွဲတွေကို ရက်ရွှေ့ဆိုင်းတာတွေ လုပ်နေကြရပေမယ့်လည်း ပရီးမီးယားလိဂ်ကတော့ ပုံမှန်အတိုင်းသာ ဆက်လက်ကျင်းဦးမှာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း စိတ်ဝင်စားစရာပွဲစဉ်တွေကပါဝင်နေတာဖြစ်လို့ ပရီးမီးယားလိဂ်ပရိသတ်တွေအတွက်ကတော့ အရှိန်ပျက်သွားမှာမဟုတ်ပဲ ဆက်တိုက်ရင်ခုန်နေရဦးမှာပဲဖြစ်ပါတယ်။ ဆိုတော့ ဒီနေ့စနေနေ့မှာ ကစားသွားမယ့်ပွဲတွေအကြောင်းကနေ စတင်လိုက်ချင်ပါတယ်။

လီဗာပူးလ် နဲ့ ဘုန်းမောက် (ညရနာရီ)
ဝက်ဖိုဒ့်နဲ့ချယ်လ်ဆီးတို့ကို ဆက်တိုက်အရေးနိမ့်ပြီးနောက်မှာ ဘုန်းမောက်နဲ့ ဆုံနေရတာက လီဗာပူးလ်အတွက် ကံကောင်းတယ်လို့ပဲ ဆိုရမှာပါ။ ဒီပွဲအပြီး အသက်လက်တီကိုနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ကို ကစားရဦးမှာဆိုပေမယ့် အခုပွဲက အန်ဖီးလ်မှာပဲဆိုတော့ လီဗာပူးလ်တို့အတွက် အခက်အခဲရှိနိုင်ဖို့က ရာခိုင်နှုန်းနည်းပါတယ်။ ဆိုတော့ လီဗာပူးလ်ပဲ နိုင်ပွဲပြန်ရပါမယ်။ ကစားသမားချွေတာမှုကြောင့် ဂိုးတော့နည်းနိုင်ပါတယ်။ ၂-၀ လောက်ဖြစ်သွားနိုင်ပါတယ်။

Photo Credit : Getty Image

ခရစ္စတယ်ပဲလေ့စ် နဲ့ ဝက်ဖိုဒ့် (ည၉နာရီခွဲ)
Liverpool Slayer ဝက်ဖိုဒ့်အနေနဲ့ လီဗာပူးလ်ကို အနိုင်ယူခဲ့ပြီးနောက်မှာ ဘာတွေထပ်လုပ်ပြနိုင်ဦးမလားဆိုတာက စိတ်ဝင်စားစရာပါ။ ပဲလေ့စ်ကလည်း နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲပြန်တွေ့လာခဲ့ပြီး ဟန်ချက်ပြန်ညီနေလို့ ဒီ၂သင်းရဲ့ တွေ့ဆုံမှုက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ကစားအားချင်းတော့ သိပ်မကွာခြားလှပေမယ့် ဒီပွဲမှာတော့ ဧည့်သည်ဝက်ဖိုဒ့်တို့ပဲ ရလဒ်ကောင်းလိမ့်မယ်လို့ ထင်မိပါတယ်။

Photo Credit : Getty Image

ဆောက်သမ်တန် နဲ့ နယူးကာဆဲလ် (ည၉နာရီခွဲ)
ကြားရက်တုန်းက အက်အေဖလားပွဲ ကစားထားခဲ့ရလို့ နယူးကာဆဲလ်တို့ ပွဲပန်းနေနိုင်သလို ပရီးမီးယားလိဂ်ကလည်း တိုက်စစ်စွမ်းဆောင်ရည်အရ အတော်လေးကို ဆိုးရွှားလို့နေပါတယ်။ ဆောက်သမ်တန်ကလည်း အိမ်ကွင်းမှာဆို ပေးဂိုးတွေ များစွာပေးထားရတဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲမှာက သွင်းဂိုးအနည်းပိုင်းဘက်ကိုပဲ ဦးတည်သွားမယ်ထင်ပါတယ်။ ရလဒ်အရဆိုရင်တော့ အိမ်ရှင်ပဲ ရလဒ်ကောင်းနိုင်ပါလိမ့်မယ်။

Photo Credit : Getty Image

ဝုလ်ဗ် နဲ့ ဘရိုက်တန် (ည၉နာရီခွဲ)
စပါးကို အနိုင်ရလိုက်လို့ ဝုလ်ဗ်က ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ မျှေုာ်လင့်လာနိုင်တဲ့ အနေအထားကိုတောင် ရောက်ရှိလာခဲ့လို့ ဒါကို အမိအရဆုပ်ကိုင်သွားမှာပါ။ ဘရိုက်တန်ကလည်း တန်းမဆင်ရဖို့အတွက် ပွဲတိုင်းလိုလိုကို သတိထားကစားလို့နေပါတယ်။ ဒီပွဲက ၂သင်းလုံးအတွက် အရေးပါနေတယ်ဆိုပေမယ့် ကစားအားပိုကောင်းတဲ့ အိမ်ရှင်ဝုလ်ဗ်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

Photo Credit : Getty Image

အာဆင်နယ် နဲ့ ဝက်စ်ဟမ်း (ည၉နာရီခွဲ)
ဆောက်သမ်တန်ကို အနိုင်ယူခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းရဲ့ကစားပုံက အားရစရာကောင်းပါတယ်။ ဒီပုံစံကို ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီမှာ ရလဒ်ကောင်းတစ်ခုကို မျှော်လင့်နိုင်ပါတယ်။ အာဆင်နယ်ကလည်း ဥရောပဝင်ခွင့်အတွက် နောက်ပိုင်းကစားတဲ့ ပွဲတိုင်းကို အမှားမခံ ကစားနေရတာဖြစ်လို့ ဒီလန်ဒန်ဒါဘီက ထင်ထားတာထက်တောင် ပိုပြီးအကြိတ်အနယ်ရှိပါလိမ့်မယ်။ မမျှော်လင့်ပဲ သရေနဲ့ အဆုံးသတ်သွားနိုုင်ပါတယ်။

Photo Credit : Getty Image

ရှက်ဖီးယူနိုက်တက် နဲ့ နော်ဝစ်ချ် (ည၉နာရီခွဲ)
ဒီ၂သင်းရဲ့တွေ့ဆုံမှုကလည်း ၁သင်းက ဥရောပဝင်ခွင့်မျှော်လင့်ချက်နဲ့ဖြစ်သလို နောက်တစ်သင်းက တန်းမဆင်းအောင် လွတ်ရုန်းထွက်ရမယ့် မျှော်လင့်ချက်နဲ့ဖြစ်တာကြောင့်မို့ ပွဲက ထင်ထားတာထက်တောင် ကြည့်ကောင်းမှာသေချာပါတယ်။ လက်စတာကိုတောင် အနိုင်ယူခဲ့ပြီး အက်အေဖလားမှာလည်း စပါးကို ကျော်ဖြတ်ခဲ့တဲ့ နော်ဝစ်ချ််တို့ ဒီပွဲမှာလည်း ရှက်ဖီးကို အခက်တွေ့အောင် ကစားလာမှာပါ။ ရှက်ဖီးကလည်း ဥရောပဝင်ခွင့်ကို မျှော်မှန်းထားတာဖြစ်လို့ ဒီပွဲလည်း သရေလောက်နဲ့ ပြီးဆုံးမယ်လို့ ထင်ပါတယ်။

Photo Credit : Getty Image

ဘန်လေ နဲ့ စပါး (ည၁၂နာရီ)
စနေနေ့ညရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ ဘန်လေနဲ့စပါးပွဲကလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဘန်လေက ခုနာက်ပိုင်းပွဲတွမှာဆိုရင် ရှံးပွဲတွေကမရှိသလောက် နည်းပါးလာခဲ့ပြီးတော့ အသင်းကလည်း Form ပြန်ကောင်းလို့နေပါတယ်။ စပါးကတော့ ရလဒ်တွေ ဆိုးရွှားလျက်ရှိနေပြီး ခြေစွမ်းပိုင်းအရမ်းမကျဆင်းပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ရလဒ်တွေက ဆိုးနေလျက်ပဲဖြစ်လို့နေပါတယ်။ ဒီပွဲကိုပါ ထပ်ပြီးခြေချော်ဦးမယ်ဆိုရင်တော့ စပါးရဲ့ချန်ပီယံလိဂ်မျှော်လင့်ချက် ပိုမှေးမှိန်သွားနိုင်ပါတယ်။ ခက်ခဲနိုင်ပေမယ့် စပါးနဲ့ပဲ စွန့်စားကြည့်ချင်မိပါတယ်။