ဒီတစ်ပတ်ကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)မှာ ပွဲကြီးပွဲကောင်းတွေများစွာ ပါဝင်လို့နေပြီး မနေ့က စနေညမှာပဲ ချယ်လ်ဆီးနဲ့စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲ လက်စတာနဲ့မန်စီးတီးအသင်းတို့ရဲ့ Biggest Match ပွဲတွေ ပါဝင်လာခဲ့ပြီး ဒီနေ့ Super Sunday ညမှာလည်း ပွဲကောင်းတွေက ပါဝင်နေဦးမှာဖြစ်လို့ ဒီတစ်ပတ်တာက ပရီးမီးယားလိဂ်ပရိသတ်တွေအတွက် Super Weekend ဖြစ်နေမှာ သေချာပါတယ်။ ကဲ…ဒါဆိုပွဲတွေအကြောင်းကို ဆက်လက်ဆွေးနွေးကြည့်ရအောင်လေ။

Photo Credit : Getty Images

မန်ချက်စတာယူနိုက်တက် နဲဲ့ ဝက်ဖိုဒ့် (ည၈နာရီခွဲ)
ချယ်လ်ဆီးကို အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီလိုပွဲမျိုးတွေကိုသာ ဆက်လက်ခြေချော်နေမယ်ဆိုရင်တော့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်က စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒီပွဲမှာ တွမ်မီနေး ပြန်လည်ကစားဖို့ ရှိနေသလို တိုက်စစ်မှာလည်း ဝက်ဖိုဒ့်ကစားသမားဟောင်း အီဂါလို ပွဲထွက်လာနိုင်ပါတယ်။ ဝက်ဖိုဒ့်ကတော့ ယူနိုက်တက်ကို ပထမအကျော့မှာ အနိုင်ယူခဲဲ့ပြီး ရလဒ်တွေ ပြန်လည်တတ်လာခဲ့တယ်ဆိုပေမယ့် ဒီနောက်ပိုင်းတော့ ပြန်ကျလာခဲဲ့ပါပြီ။ ဒီအချိန်မှာ အမှားခံလို့မရတော့တဲ့ ယူနိုက်တက်တို့ အိမ်ကွင်းမှာ ဝက်ဖိုဒ့်ကို ကလဲ့စားပြန်ချေနိုင်မှာပါ။

Photo Credit : Getty Images

ဝုလ်ဗ် နဲ့ နော်ဝစ်ချ် (ည၈နာရီခွဲ)
စပါးနဲ့ ရှက်ဖီးယူနိုက်တက်တို့ မနေ့ညက ခြေချော်ထားခဲ့တာကြောင့် ဝုလ်ဗ်တို့ ဒီပွဲကို မဖြစ်မနေ အနိုင်ယူပြီး ချန်ပီယံလိဂ်မျှော်လင့်ချက်ကို ထပ်မံအသက်သွင်းသင့်ပါတယ်။ လက်ရှိမှာလည်း ဝုလ်ဗ်ရဲ့ခြေစွမ်းက ယူရိုပါလိဂ်မှာရော ပရီးမီးယားလိဂ်မှာ ဟန်ချက်ညီလို့နေပြီး ဒါကပဲ နော်ဝစ်ချ်အသင်းအတွက် ကံဆိုးမှုတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန်ရုန်းအားတွေကြောင့် ဝုလ်ဗ်တို့ ဂိုးပြတ်ဖို့ ခက်ခဲနိုင်ပါတယ်။

Photo Credit : Getty Images

အာဆင်နယ် နဲ့ အဲဗာတန် (ည၁၁နာရီ)
ဒီပွဲလည်း ဒီတစ်ပတ်ပွဲတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲပါပဲ။ ၂၀၂၀ခုနှစ်အတွင်းမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိသေးတဲဲ့ အာဆင်နယ်နဲ့ အန်စလော့တီလက်ထက် ရလဒ်တွေ တောက်လျှောက်ပြန်ကောင်းလို့နေတဲ့ အဲဗာတန်တို့ ဆုံတွေ့မှုက အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ ဒါပေမယ့် အာဆင်နယ်က ယူရိုပါလိဂ်ပွဲကို ဂရိမှာ သွားကစားထားလို့ အနည်းနဲ့အများ ပွဲပန်းနေမှာဖြစ်ပြီး ဆိုကရေးတစ် ဆွာရက်စ်တို့ ဒဏ်ရာရနေသလို အိုဇေး တော်ရဲဲရားတို့လည်း ပါဝင်ဖို့မသေချာတာကြောင့် ကစားသမားပိုင်းမှာ အနည်းငယ်လေး အားလျော့နိုင်ပါတယ်။ ဒါပေမယ့် အဲဗာတန်ရဲ့အဝေးကွင်းကစားပုံကလည်း နည်းနည်းတော့ အားနည်းနေသေးတာမို့ ဒီပွဲမှာ အာဆင်နယ်ကိုပဲ ယုံကြည်ထားချင်ပါတယ်။