ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ဒီနှစ်မှ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့တဲ့ ဆောင်းရာသီနားရက်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)ရဲ့ပွဲအားလုံးကို တဝက်စီခွဲခြားကာ ကျင်းပနေတာဖြစ်ပါတယ်။ မနေ့ကတော့ အဲဗာတန် ခရစ္စတယ်ပဲလေ့စ် ဘရိုက်တန်နဲ့ ဝက်ဖိုဒ့်အသင်းတို့ရဲ့ပွဲစဉ်တွေကို ကျင်းပခဲ့ပြီး ဒီနေ့မှာလည်း ပွဲစဉ်(၂၆)ရဲ့ ပွဲ၂ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားစေမှာဖြစ်လို့ ဒီပွဲတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေနဲ့ ဖြစ်နိုင်စဖွယ် ရလဒ်တွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ရှက်ဖီးယူနိုက်တက် နဲ့ ဘုန်းမောက် (ည၈နာရီခွဲ)
ဗီလာနဲ့ပွဲမှာ ဘုန်းမောက်တို့ နိုင်ပွဲပြန်ရခဲ့တယ်ဆိုပေမယ့် အဝေးကွင်းကစားပုုံ အားနည်းနေသေးသလို အသင်းမှာလည်း ဒဏ်ရာပြသာနာတွေက များလို့နေပါတယ်။ ရှက်ဖီးအသင်းကတော့ သူတို့ရဲ့ပုံစံကောင်းကို ထိန်းထားနိုင်တဲ့အပြင် ဆောင်းစျေးကွက်မှာ အားဖြည့်တင်းထားတာတွေကလည်း အားရစရာကောင်းပါတယ်။ ဒါပေမယ့် ရှက်ဖီးကလည်း အိမ်ကွင်းထက် အဝေးကွင်းခြေစွမ်းက ပိုမိုကောင်းမွန်နေတာဖြစ်တာကြောင့် ဒီပွဲက အနိုင်အရှံးပေါ်ဖို့ထက် သရေဘက်ကို ဦးတည်လာနိုင်ကာ အိမ်ရှင်အနေနဲ့ ရှံးနိမ့်ဖို့တော့ မရှိနိုင်ပါဘူး

Photo Credit : Getty Images

မန်စီးတီး နဲ့ ဝက်စ်ဟမ်း (ည၁၁နာရီ)
ပြီးခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ အခွင့်အရေးပေါင်းများစွာကို ဖန်တီးခဲ့ရင်းမှ ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတာဟာ မန်စီးတီးအတွက် အရမ်းကို ထိခိုက်နစ်နာစရာပါ။ ဒီလို ဖြစ်ရပ်မျိုးကနေ မန်စီးတီးတို့ အလျင်အမြန် နှိုးထလာဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ သူတို့နဲ့ ရင်ဆိုင်ရမယ့်အသင်းက နည်းပြသစ်မိုရက်စ်လက်ထက်မှာ ရလဒ်တွေ တတ်ရိပ်မပြလာသေးတဲ့ ဝက်စ်ဟမ်းဖြစ်နေတာကြောင့် မန်စီးတီးအတွက် အသက်ရှချောင်နိုင်ဖွယ်ရှိပါတယ်။ တစ်ခုရှိတာက ခံစစ်မှာ လာပေါ့တ်ပြန်ကစားဖွယ်မရှိသေးတာကနေ ဝက်စ်ဟမ်းဘက်ကို သွင်းဂိုးပြန်လည်ခွင့်ပြုရနိုင်သလို ဝက်စ်ဟမ်းဘက်မှာကလည်း တစ်ဦးချင်းအမှားတွေ ကျူးလွန်တတ်တာကြောင့် ဒီပွဲမှာ မန်စီးတီးနိုင်မှာဆိုပေမယ့် နှစ်သင်းပေါင်းသွင်းဂိုးအပေါ်ကိုသာ သဘောကျမိပါတယ်။