မနေ့ညကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)ရဲ့စနေညပွဲ၂ပွဲကို ယှဉ်ပြိုင်ကစားသွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းကတော့ နော်ဝစ်ချ်ကို အနိုင်ယူခဲ့သလို ရပ်တည်မှုခြင်း သိပ်မကွာခြားလှတဲဲ့ ဆောက်သမ်တန်နဲ့ ဘန်လေတို့ပွဲမှာ ဧည့်သည်ဘန်လေက အနိုင်ရခဲ့ပါတယ်။ ဒီနေ့ညမှာတော့ လန်ဒန်အခြေစိုက်အသင်းတွေဖြစ်တဲ့ အာဆင်နယ် စပါးအသင်းတို့ရဲဲ့ပွဲစဉ်တွေ ပါဝင်နေတာဖြစ်တာကြောင့် ဒီပွဲတွေရဲ့အကြောင်းတွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Getty Images

အက်စတွန်ဗီလာ နဲ့ စပါး (ည၈နာရီခွဲ)
စပါးအသင်းအနေနဲ့ ပြိုင်ပွဲစဲုရှံးပွဲမရှိခဲ့တာ ၆ပွဲပြည့်လာခဲ့ပြီဖြစ်ပါတယ်။ ဗီလာကတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကြိုးပမ်းလျက်ရှိနေပြီး အိမ်ကွင်းကစားအား သိပ်မဆိုးလှတဲ့အသင်းလည်းဖြစ်ပါတယ်။ စပါးကလည်း အဝေးကွင်းတွေမှာဆိုရင် ရလဒ်ကောင်းအောင် ရုန်းကန်နေဆဲဖြစ်ပြီး ဒီရာသီမှာ အဝေးကွင်းနိုင်ပွဲ အရေအတွက်ကလည်း နည်းပါးနေပါတယ်။ ဟာရီကိန်း ဆစ်ဆိုခိုတို့ကလွဲရင် ကစားသမားအစုံအလင် ပါဝင်လာမှာဖြစ်သလို မန်စီးတီးရဲ့ ချန်ပီယံလိဂ် Ban ခံရမှုကြောင့် စပါးတို့ ဒီပွဲကို အနိုင်ကစားမှာပါ။ တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရရင်တောင် ပျော်ရွှင်ရမှာဆိုတော့ စပါးကိုပဲ ရွေးချယ်ထားချင်ပါတယ်။

Photo Credit : Getty Images

အာဆင်နယ် နဲ့ နယူးကာဆဲလ် (ည၁၁နာရီ)
အာဆင်နယ်ရဲ့သရေပွဲတွေက ရပ်တန့်ဖို့ အချိန်တန်ပါပြီ။ နယူးကာဆဲလ်လို အသင်းအတွင်း မတည်ငြိမ်မှုတွေများနေတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်နေရချိန်မှာ အမှတ်အပြည့်ယူနိုင်သင့်ပါပြီ။ နှစ်သင်းလုံးကတော့ ရှံးပွဲတွေနည်းနေတဲ့တိုင်အောင်မှ သရေပွဲတွေကြားမှာပဲ သံသယလည်နေတဲ့ အသင်းတွေဖြစ်နေကာ နယူးကာဆဲလ်ကတော့ အဝေးကွင်းဆိုရင် သရေထက် ရှံးပွဲက ပိုများနေတတ်ပါတယ်။ အသင်းဟန်ချက်ပျက်နေချိန် Winter Break နဲဲ့ အနားယူရက်ရခဲ့ပြီး ခွန်အားပြန်မွေးဖွားခွင့် ရရှိနေချိန်မှာ အာဆင်နယ်တို့ အကောင်းဆုံးပုံစံကို ပြန်လည်ပိုင်ဆိုင်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ၂ဂိုးသွင်းမှ အပြည့်ပျော်ရွှင်ရမယ်ဆိုရင်တောင် အာဆင်နယ်ကိုပဲ ရွေးထားချင်ပါတယ်။